Online မှတစ်ဆင့် မီတာ၊ ထရန်စဖော်မာ လျှောက်ထားခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကွပ်ကဲမှုရှိ မန္တလေးခရိုင်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မီတာ၊ ထရန်စဖော်မာလျှောက်ထားခြင်းကို Online မှတစ်ဆင့် လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး eform.moee.gov.mm မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားပုံအဆင့်ဆင့်ကို အောက်တွင်ဖော်ပြထားပါသည်-

၁။       Web Browser တွင် eform.moee.gov.mm ဟုရိုက်ထည့်ပါ။

 

၂။       အကောင့် မရှိသေးပါက အကောင့်ပြုလုပ်ရန် ကိုနှိပ်ပြီး အကောင့်ပြုလုပ်ပေးပါ။

          အကောင့် ရှိပြီးပါက အကောင့်ဝင်ရန်ကို နှိပ်ပါ။

၃။       အကောင့်ပြုလုပ်ရန်အတွက် အောက်ဖော်ပြပါ ပုံမှ အချက်အလက်များကို မှန်ကန်စွာဖြည့်ပေးပါ။

          မှန်ကန်စွာဖြည့်စွက်ပြီးပါက အကောင့်ပြုလုပ်မည် ကိုနှိပ်ပြီး မိမိ email တွင် verify ပြုလုပ်ပေးပါ။

၄။       အကောင့်ပြုလုပ်ပြီးပါက အီမေးလ်လိပ်စာနှင့် စကားဝှက်ကို မှန်ကန်စွာဖြည့်စွက်ပြီး အကောင့်ဝင်မည်ကို နှိပ်ပါ။

၅။       အောက်ဖော်ပြပါပုံအတိုင်း မူလစာမျက်နှာကို မြင်တွေ့ရမည်ဖြစ်ပါသည်။

၆။       လျှောက်လွှာပုံစံများတွင် မိမိတို့ လျှောက်ထားလိုသည့် တိုင်း/ပြည်နယ်အတွင်းမှ လျှောက်ထားလိုသည့် မီတာအမျိုးအစားများကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။

၇။       စည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီး သိရှိလိုက်နာရန် အမှန်ခြစ်၍ ဆက်လက်လုပ်ဆောင်မည်ကို နှိပ်ပါ။

၈။    ဝန်ခံကတိပြုချက်ကို ဖတ်ရှုပြီး ဝန်ခံကတိပြုရန် အမှန်ခြစ်၍ ဆက်လက်လုပ်ဆောင်မည်ကို နှိပ်ပါ။

၉။       လျှောက်ထားလိုသည့် မီတာအမျိုးအစားကို ရွေးချယ်ပါ။

၁၀။       ကိုယ်တိုင်ရေးလျှောက်လွှာပါ အချက်အလက်များကို ဖြည့်စွက်၍ ဖြည့်သွင်းမည်ကို နှိပ်ပါ။

၁၁။       မှတ်ပုံတင်မူရင်း(ရှေ့ဖက်၊ နောက်ဖက်)ကို ဖြည့်သွင်းပါ။

၁၂။       အိမ်ထောင်စုစာရင်း မူးရင်း (ရှေ့ဖက်၊ နောက်ဖက်) ကို ဖြည့်သွင်းပါ။

၁၃။       ထောက်ခံစာ မူရင်းများကို ဖြည့်သွင်းပါ။

၁၄။       ပိုင်ဆိုင်မှုအထောက်အထား မူရင်းကို ဖြည့်သွင်းပါ။

၁၅။       လျှောက်ထားသူ၏အချက်အလက်များ မှန်ကန်ရေးအတွက် သေချာစွာ စစ်ဆေး၍ မှန်ကန်ပါက ပေးပို့မည်ကို နှိပ်ပါ။

၁၆။       မီမီလျှောက်ထားသော လျှောက်လွှာအခြေအနေကို လုပ်ငန်းစဉ်အားလုံး တွင် ဝင်ရောက်ကြည်ရှုနိုင်ပါသည်။