လျှပ်စစ်ဓာတ်အားသုံးစွဲသော မီတာယူနစ်နှင့် အသုံးပြုခ စစ်ရန်

မီတာအမှတ် နှင့် (Computer Code or Bar Code or CNP Code) ထည့်သွင်းပြီး စစ်ဆေးနိုင်ပါသည်။

မြို့နယ်အလိုက် ငွေတောင်းခံလွှာတွင်ပါရှိသော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များ

ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည် များအတွက် ရှင်းလင်းချက်

ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်တွင် နေထိုင်သော လူကြီးမင်းတို့လစဉ်ရရှိနေသော ငွေတောင်းခံလွှာစာရွက်အား ညာဘက်တွင်ဖော်ပြထားသည့်အတိုင်း တွေ့ရှိရမည်ဖြစ်ပြီး ၄င်းစာရွက်တွင် အနီရောင်ဖြင့် ဝိုင်းထားသော "ကွန်ပျူတာစာရင်းအမှတ်" သည် "ကွန်ပျူတာကုဒ်" ဖြစ်သည်။

အနီရောင်ဖြင့် အမှတ်အသားပြုထားသော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များအား အထက်တွင်ဖြည့်စွပ်ပြီး လူကြီးမင်းတို့၏ နောက်ဆုံးလ ငွေတောင်းခံလွှာအား စစ်ဆေးအတည်ပြုနိုင်ပြီဖြစ်သည်။

ထို့အပြင် လူကြီးမင်းတို့၏ လစဉ်ငွေတောင်းခံလွှာများအား ပြန်လည်ကြည့်လိုပါက မှတ်ပုံတင်ထားခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ပြီးခဲသော ငွေတောင်းခံလွှာပြေစာများအား ရယူနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်မည် ဆိုပါက ဤနေရာကို Click လုပ်ပြီး မှတ်ပုံတင်နိုင်သည်။

Meter Bill

အမရပူရနှင့် ပုသိမ်ကြီး များအတွက် ရှင်းလင်းချက်

အမရပူရနှင့် ပုသိမ်ကြီးတွင် နေထိုင်သော လူကြီးမင်းတို့လစဉ်ရရှိနေသော ငွေတောင်းခံလွှာစာရွက်အား ညာဘက်တွင်ဖော်ပြထားသည့်အတိုင်း တွေ့ရှိရမည်ဖြစ်ပြီး ၄င်းစာရွက်တွင် အနီရောင်ဖြင့် ဝိုင်းထားသော "CNP" သည် "ကွန်ပျူတာကုဒ်" ဖြစ်သည်။

အနီရောင်ဖြင့် အမှတ်အသားပြုထားသော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များအား အထက်တွင်ဖြည့်စွပ်ပြီး လူကြီးမင်းတို့၏ နောက်ဆုံးလ ငွေတောင်းခံလွှာအား စစ်ဆေးအတည်ပြုနိုင်ပြီဖြစ်သည်။

ထို့အပြင် လူကြီးမင်းတို့၏ လစဉ်ငွေတောင်းခံလွှာများအား ပြန်လည်ကြည့်လိုပါက မှတ်ပုံတင်ထားခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ပြီးခဲသော ငွေတောင်းခံလွှာပြေစာများအား ရယူနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်မည် ဆိုပါက ဤနေရာကို Click လုပ်ပြီး မှတ်ပုံတင်နိုင်သည်။

Meter Bill

ချမ်းအေးသာစံ၊ အောင်မြေသာဇံနှင့် မဟာအောင်မြေ များအတွက် ရှင်းလင်းချက်

ချမ်းအေးသာစံ၊ အောင်မြေသာဇံနှင့် မဟာအောင်မြေတွင် နေထိုင်သော လူကြီးမင်းတို့လစဉ်ရရှိနေသော ငွေတောင်းခံလွှာစာရွက်အား ညာဘက်တွင်ဖော်ပြထားသည့်အတိုင်း တွေ့ရှိရမည်ဖြစ်ပြီး ၄င်းစာရွက်တွင် အနီရောင်ဖြင့် ဝိုင်းထားသော "ဘားကုဒ်နံပါတ်" သည် "ကွန်ပျူတာကုဒ်" ဖြစ်သည်။

အနီရောင်ဖြင့် အမှတ်အသားပြုထားသော မီတာအမှတ်နှင့် ကွန်ပျူတာကုဒ်များအား အထက်တွင်ဖြည့်စွပ်ပြီး လူကြီးမင်းတို့၏ နောက်ဆုံးလ ငွေတောင်းခံလွှာအား စစ်ဆေးအတည်ပြုနိုင်ပြီဖြစ်သည်။

ထို့အပြင် လူကြီးမင်းတို့၏ လစဉ်ငွေတောင်းခံလွှာများအား ပြန်လည်ကြည့်လိုပါက မှတ်ပုံတင်ထားခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ပြီးခဲသော ငွေတောင်းခံလွှာပြေစာများအား ရယူနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်မည် ဆိုပါက ဤနေရာကို Click လုပ်ပြီး မှတ်ပုံတင်နိုင်သည်။

Meter Bill

ဓာတ်အား သုံးစွဲသူများသို့ ပန်ကြားချက်

  • မီတာတွင် တပ်ဆင်ထားသော ဆီးလ်များနှင့် ပတ်သတ်၍ မည်သူမျှကိုင်တွယ် ဖြတ်တောက် ခြင်းမပြုရန်၊ ဆီးလ်များမရှိခြင်း၊ ခြေရာလက်ရာ ပျက်ခြင်းဖြစ်ပါက ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း ပန်ကြားပြီးဖြစ်ပါသည်။

  • မီတာတွင် မီတာအတွင်းရှိ ကိရိယာများကို ဖုံးထားသည့် အဖုံးပေါ်တွင် ကာဗာဆီးလ်တစ်ခု၊ ဓါတ်အား အဝင်/အထွက် ကြိုးငုတ်များ၏ အဖုံးပေါ်တွင် တာမီနယ်ဆီးလ်တစ်ခု၊ မီတာသေတ္တာ ပြင်ပတွင် မီတာပုံး ဆီးလ်တစ်ခု၊ စုစုပေါင်း ဆီးလ်(၃)ခု ခတ်ထားရာ မီတာစာရေးအပါအဝင် လျှစ်စစ်ဝန်ထမ်းများမှလည်း ကိုင်တွယ်ဖြတ်တောက်ခြင်း မပြုလုပ်ရန် ညွန်ကြားထားပြီးဖြစ်ပါ၍ မည်သူမျှကိုင်တွယ်/ဖြတ်တောက်ခြင်း မပြုလုပ်ရေးအတွက် မီးသုံးသူမှ တာဝန်ယူရပါသည်။

  • မီတာဆီးလ်များမရှိခြင်း၊ ခြေရာလက်ရာ ပျက်ခြင်းများဖြစ်ပါက ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်းနှင့် မီတာဆီးလ်များ မရှိပါက ဌာနမှတာဝန်ရှိသူများအား အကြောင်း ကြားပေးရန် ပန်ကြားအပ်ပါသည်။


အသုံးပြုသူ မိဘပြည်သူများ အဆင်ပြေစေရန် လစဉ်ဓါတ်အားအသုံးစရိတ်များအား အွင်လိုင်းမှတဆင့် ကြည့်ဆောင်နိုင်ရန် MESC မှကူညီဆောင်ရွက်ပေးထားပါသည်။ ထို့ကြောင့် လူကြီးမင်းတို့၏ ဓါတ်အားသုံးစွဲမှုများအား လစဉ်ကြည့်နိုင်ရန် MESC Web Portal တွင် Register လုပ်ခြင်းဖြင့်၄င်း၊ MESC Mobile Application အား လူကြီးမင်းတို့ ဖုန်းတွင် ထည့်သွင်းထားခြင်းဖြင့် ပုံမှန်ရယူနိုင်မည်ဖြစ်ပါသည်။

ထိုသို့ Register မလုပ်ထားလိုပါက လူကြီးမင်းတို့၏ ဓါတ်အားသုံးစွဲခ ငွေတောင်းခံလွှာတွင် ပါရှိသော "မီတာအမှတ်" နှင့် ကွန်ပျူတာကုဒ်/ဘားကုဒ် တို့အား သိရှိရန် လိုအပ်ပါသည်။ ထိုအရာများ သိရှိပါက ၄င်းနံပါတ်များ ထည့်သွင်း စစ်ဆေးနိုင်ပါသည်။
လူကြီးမင်းတို့ လစဥ် စာရွက်ဖြင့်ရှိနေသော လျှပ်စစ်ဓါတ်အားခ ငွေတောင်းခံလွှာထဲတွင် ပါရှိပါသည်၊ မြို့နယ်အလိုက် ဖော်ပြထားသော နေရာကွာခြားနိုင်ပါသည်။

အောက်ပါ ပုံတွင် နမူနာ ကြည့်ရှု့နိုင်ပါသည်။
Meter Bill Meter Bill
မီတာ သုံးစွဲခများအား တာဝန်ယူကောက်ခံပေးနေသော Company များမှ သတ်မှတ်ထားသော နံပါတ် တစ်ခုဖြစ်ပါသည်။ ထိုနံပါတ်အားလည်း လူကြီးမင်းတို့ဆီ ပုံမှန် ရောက်နေကျ မီတာ သုံးစွဲခ ငွေတောင်းခံလွှာထဲတွင် ပါဝင်ပါသည်။

အောက်ပါ ပုံတွင် နမူနာ ကြည့်ရူနိုင်ပါသည်။
Meter Bill