မီတာကဏ္ဍ

(၁) အိမ်သုံးမီတာ။         ။ အောက်ပါသက်မှတ်ချက်များနှင့် ကိုက်ညီလျှင် နေ့ချင်းပြီး တပ်ဆင်ပေးမည်- 

      (က) နေထိုင်သူကိုယ်တိုင် လျောက်ထားရမည်။

      (ခ) အိမ်ထောင်စုစာရင်း / ပိုင်ဆိုင်မှု အထောက်အထား၊ တာဝန်ခံသူ၏ ကတိဝန်ခံချက် ပါရှိရမည်။

      (ဂ) ဓာတ်အားသုံးစွဲမည့် အဆောက်အဦးသည် လျှပ်စစ်ကြောင့် အန္တရာယ်မဖြစ်စေရ။

      (ဃ) ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်းရှိရမည်။

      (င) ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။

      (စ) အိမ်တွင်းဝါယာကြိုးများ သတ်မှတ်စံချိန်စံညွန်းနှင့်အညီ တပ်ဆင်ပြီးဖြစ်ရမည်။
 

(၂) ယာယီမီတာ။         ။ အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီလျှင် ၅ ရက်အတွင်း တပ်ဆင် ပေးမည် -

      (က) စည်ပင် ဆောက်လုပ်ခွင့်ပြုမိန့် ပါရှိရမည်။

      (ခ) ပွဲလမ်းသဘင်၊ အခမ်းအနားဖြစ်လျှင် ပွဲကျင်းပခွင့်ပြုမိန့် ပါရှိရမည်။
 

(၃) အိမ်သုံးပါဝါမီတာ။         ။  အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီလျှင် ၅ ရက်အတွင်း တပ်ဆင် ပေးမည် -

      (က) နေထိုင်သူကိုယ်တိုင် လျှောက်ထားရမည်။

      (ခ) အိမ်ထောင်စုစာရင်း / ပိုင်ဆိုင်မှု အထောက်အထား၊ တာဝန်ခံသူ၏ ကတိတန်ခံချက် ပါရှိရမည်။

      (ဂ) 3 Ø  4 Wire ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်းရှိရမည်။

      (ဃ) ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။
 

(၄) စက်မှုသုံးပါဝါမီတာ။         ။ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ၅ ရက်အတွင်း တပ်ဆင် ပေးမည် -

     (က) စည်ပင်လုပ်ငန်းလိုင်စင် ရှိရမည်။

     (ခ) သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုမိန့် ပါရှိရမည်။

     (ဂ) ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။

     (ဃ) 3  Ø  4 Wire ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်းရှိရမည်။