၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ်ဖွင့်လှစ်ခြင်း

မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ်ပိုမိုကောင်းမွန်စေရေးအတွက် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ် ဖွင့်ပွဲအခမ်းအနားအား (၂၇.၁.၂၀၁၉) ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် နှင့် တာ၀န်ရှိသူများ ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး ၊ တိုင်းဒေသကြီး ၀န်ကြီးများ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာ၀န်ရှိသူများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ဖိတ်ကြားထားသော ဒေသခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။