2016-September သတင်းများ

လျှပ်စစ်ဓာတ်အားခ နှုန်းထား ရှင်းလင်းချက်

အထွေထွေသုံး၊ အိမ်သုံးပါဝါများ အတွက် တစ်နေရာတည်းတွင် အိမ်သုံးမီတာတစ်လုံးထက် ပိုမိုရှိနေလျှင်အိမ်သုံးမီတာအားလုံး၏ ကျသင့်ယူနစ်များကို ပေါင်းပြီးအလွှာခံစားခွင့်တွက်ချက်ရန်။ အိမ်သုံးမီတာဖြင့် အလင်းရောင်သုံးသော အသုံးပြုသော စီးပွားရေးလုပ်ငန်းသုံးစွဲပါက အိမ်သုံးအလွှာနှုန်းတွက်ချက်ရန်။

အထွေထွေအိမ်သုံး မီတာ ဝန်ဆောင်ခနှုန်းထား သတ်မှတ်ခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၅.၉.၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၅၈/(၁)/၇/သမ္မတရုံးဖြင့် ခွင့်ပြုချက်အရ ၁.၁၀.၂၀၁၃ ရက်နေ့မှ စတင်မီတာဖတ်ရှု့၍ ငွေတောင်းခံသည် ၉/၂၀၁၃ လ တောင်းခံငွေမှစ၍ ငွေတောင်းခံလွှာတွင် မီတာထိန်းသိမ်းစောင့်ရှောက်ခဟု ဖော်ပြသည့်အစား "မီတာဝန်ဆောင်ခ" (Service Charge) ဟု ပြင်ဆင်ဖော်ပြပြီး အောက်ပါနှုန်းများအတိုင်း စည်းကြပ် ကောက်ခံရန် သတ်မှတ်လိုက်သည်။

မီတာအစားထိုး တပ်ဆင်ခ ပြင်ဆင်သတ်မှတ်ခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၁၄) ၏ ဆုံးဖြတ်ချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မီးသုံးသူ၏ မှားယွင်းမှုကြောင့် အစားထိုးတပ်ဆင်သည့် အိမ်သုံးမီတာ(ရပ်၊ပျက်၊နှေး၊လောင်) များအတွက် အောက်ပါနှုန်းထားများအတိုင်း စည်းကြပ်ကောက်ခံရန် သတ်မှတ်လိုက်သည်။

ကျေးရွာမီးလင်းရေး ထရန်စဖော်မာများ အတွက် ဓာတ်အားကောက်ခံမှု တပြေးညီဖြစ်စေရန် ကိစ္စ

လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျေးရွာများတွင် ကျေးရွာမီးလင်းရေးကော်မတီများဖြင့် ဆောင်ရွက်လျက်ရှိရာ ဓာတ်အားခကောက်ခံမှု အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ဓာတ်အားခကောက်ခံမှု တပြေးညီဖြစ်စေရေးအတွက် ၁.၄.၂၀၁၂ ရက်နေ့တွင်ဖက်ရှု့မည့် သုံးစွဲယူနစ်များမှစ၍ လျှစ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်မြို့တော်လျှစ်စစ် ဓာတ်အားပေးရေးအဖွဲ့တို့တွင် အောက်ပါအတိုင်း လိ

ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရန် အချက်များ

အိမ်သုံးလျှစ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္တာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွင်ခြင်းမပြုရပါ။