အကြောင်းကြားစာ သတင်းများ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ခရိုင်/မြို့နယ်အလိုက် အပါတ်စဉ် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို ဖော်ပြခြင်း။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် (၁၄. ၇.၂၀၂၃) ရက်နေ့မှ (၂၀. ၇. ၂၀၂၃) ရက်နေ့အထိ ခရိုင်/မြို့နယ်အလိုက် မီတာခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ခရိုင်/မြို့နယ်အလိုက် အပါတ်စဉ် မီတာ ခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို ဖော်ပြခြင်း။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် (၂၄. ၆. ၂၀၂၂) ရက်နေ့မှ (၃၀. ၆. ၂၀၂၂) ရက်နေ့အထိ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

စာရင်းကိုင်-၄ နှင့် ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(မီတာ) ရာထူးများအတွက် လူတွေ့အောင်မြင်သူများစာရင်း ထပ်တိုးထုတ်ပြန်ခြင်း

စာရင်းကိုင်-၄ နှင့် ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(မီတာ) ရာထူးများအတွက် လူတွေ့အောင်မြင်သူများစာရင်း ထပ်တိုးထုတ်ပြန်ခြင်း

အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူး (၃၆) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံနံပါတ်များ စာရင်းအား ထုတ်ပြန်ကြော်ငြာခြင်း

အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူး (၃၆) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံနံပါတ်များ စာရင်းအား ထုတ်ပြန်ကြော်ငြာခြင်း

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ခရိုင်/မြို့နယ်အလိုက် အပါတ်စဉ် မီတာ ခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို ဖော်ပြခြင်း။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် (၂၃.၄.၂၀၂၁)ရက်နေ့မှ (၃၀.၄.၂၀၂၁) ရက်နေ့အထိ ခရိုင်/မြို့နယ်အလိုက် မီတာ ခွဲဝေရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်

ဓာတ်အားခ ပြင်ဆင်သတ်မှတ်ခြင်းကြောင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ

(၂၇.၆.၂၀၁၉) ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ဓာတ်အားခ ပြင်ဆင်သတ်မှတ်ခြင်းကြောင့် (၆/၂၀၁၉) လအတွက် Final Reading ဖတ်ရှုရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်း အစည်းအဝေးအား ပြုလုပ်ကျင်းပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေမှုအခြေအနေ

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဝေမှု မေလ(၁)ရက်မှစတင်၍ သုံးပုံတစ်ပုံအထိ လျှော့ချမည်ဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

မြင်းခြံခရိုင်အတွင်းရှိ ခွဲရုံများ စစ်ဆေးခြင်း နှင့် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေးဆောင်ရွက်မည့် ကုမ္ပဏီများဖြင့် တွေ့ဆုံဆွေးနွေး

မြင်းခြံခရိုင်အတွင်းရှိ တာ၀န်ရှိသူများမှ မြို့သာ ဓာတ်အားခွဲရုံ ၊ ကုက္ကဲ ဓာတ်အားခွဲရုံ များ စစ်ဆေးခြင်း ၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာမီးလင်းရေးဆောင်ရွက်မည့်ကုမ္ပဏီများ ၊ ဆောင်ရွက်မည့်ကျေးရွာများရှိ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး-မြို့သာ ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ မြင်းခြံ-နွားထိုးကြီး-မြို့သာ ဓာတ်အားလိုင်းအား ဓာတ်အားပျက်တောက်မှု လျော့နည်းစေရေး ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး နှင့် ၀င်ငွေတိုးတက်ရရှိစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း နှင့် Jumper Connection များ လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး

မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး နှင့် ၀င်ငွေပိုမိုတိုးတက်ရရှိစေရေးအတွက် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊တောင်သာ၊နွားထိုးကြီး၊ငါန်းဇွန် မြို့နယ်များမှ ၀န်ထမ်းများ ပူးပေါင်း၍ ထရန်စဖော်မာများ ၊ အိမ်သုံးမီတာများ နှင့် လိုအပ်သည်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နွားထိုးကြီးမြို့နယ်အတွင်း အခြေခံလျှပ်စစ်ပညာကျွမ်းကျင်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) နှင့် မြင်းခြံခရိုင်လျှပ်စစ်မန်နေဂျာရုံး တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှစ်စစ်ပညာသင်တန်း (နှစ်ပါတ်ကြာ) ဖွင့်ပွဲအား ပြုလုပ်ကျင်းပခဲ့ပါသည်။

mg.25.11.18

ပြည်ထောင်စု၀န်ကြီး ၊ ဒုတိယ၀န်ကြီး နှင့် ဌာနကြီးမှူးများမှ တောင်သာမြို့နယ်ရှိ ၉၀ မဂ္ဂါ၀ပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံစီမံကိန်း နှင့် မြင်းခြံမြို့နယ် ၂၂၅ မဂ္ဂါ၀ပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသို့ ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာ၀န်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

နွားထိုးကြီးမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေး နှင့် ဗို့အားပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး နှင့် ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ထရန်စဖော်မာများ နှင့် စီတီမီတာများအား ထရန်စဖော်မာစစ်ဆေးချက်ပုံစံ(TI Form) များနှင့်တကွ အသေးစိတ်စစ်ဆေးခြင်းများအား မြင်းခြံခရိုင်အတွင်းရှိ မြို့နယ် ၊ ခွဲရုံများမှ SAE များဖြင့် အဖွဲ့(၈)ဖွဲ့ခွဲ၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မြင်းခြံခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ နှင့် ဓာတ်အားခွဲရုံများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပြုလုပ်ကျင်းပခြင်း

မြင်းခြံခရိုင်အတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာရုံး ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ နှင့် ဓာတ်အားခွဲရုံ ၀န်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အား စုစုပေါင်း လှူဒါန်းငွေ ၃၄၀၀၀၀၀ (သုံးဆယ့်လေးသိန်းခန့်)ဖြင့် လှူဒါန်းပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ကြေးမှုံသတင်းစာ၏ ၂၁.၉.၂၀၁၈ စာမျက်နှာ ၄ တွင် ဖော်ပြပါရှိသည့် ရမည်းသင်းမြို့နယ် လျှပ်စစ်သတင်းပါရှိခြင်း

ကြေးမှုံသတင်းစာ၏ ၂၁.၉.၂၀၁၈ စာမျက်နှာ ၄ တွင် ဖော်ပြပါရှိသည့် ရမည်းသင်းမြို့နယ်အတွင်းရှိကျေးရွာ ၁၁ရွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်

အထွေထွေအိမ်သုံး မီတာ ဝန်ဆောင်ခနှုန်းထား သတ်မှတ်ခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၅.၉.၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၅၈/(၁)/၇/သမ္မတရုံးဖြင့် ခွင့်ပြုချက်အရ ၁.၁၀.၂၀၁၃ ရက်နေ့မှ စတင်မီတာဖတ်ရှု့၍ ငွေတောင်းခံသည် ၉/၂၀၁၃ လ တောင်းခံငွေမှစ၍ ငွေတောင်းခံလွှာတွင် မီတာထိန်းသိမ်းစောင့်ရှောက်ခဟု ဖော်ပြသည့်အစား "မီတာဝန်ဆောင်ခ" (Service Charge) ဟု ပြင်ဆင်ဖော်ပြပြီး အောက်ပါနှုန်းများအတိုင်း စည်းကြပ် ကောက်ခံရန် သတ်မှတ်လိုက်သည်။

မီတာအစားထိုး တပ်ဆင်ခ ပြင်ဆင်သတ်မှတ်ခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၁၄) ၏ ဆုံးဖြတ်ချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မီးသုံးသူ၏ မှားယွင်းမှုကြောင့် အစားထိုးတပ်ဆင်သည့် အိမ်သုံးမီတာ(ရပ်၊ပျက်၊နှေး၊လောင်) များအတွက် အောက်ပါနှုန်းထားများအတိုင်း စည်းကြပ်ကောက်ခံရန် သတ်မှတ်လိုက်သည်။