မြင်းခြံခရိုင်အတွင်း ခေတ္တဓာတ်အားပြတ်တောက်မည့် အခြေအနေအား အသိပေးကြေငြာခြင်း

မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်(မြောက်ဘက်ခြမ်း) မြို့ပေါ်ရပ်ကွက်များ နှင့် တလုပ်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ကျေးရွာများသည် System Over Voltage ဖြစ်ပေါ်ခြင်းကြောင့် အောက်ပါအတိုင်း ဓာတ်အားပြတ်တောက်ခဲ့ပါသည် −

−   (၁.၂.၂၀၁၉) ရက်နေ့တွင် (၀၃:၀၀) နာရီ မှ (၀၅:၃၀) နာရီ အထိ

−   (၂.၂.၂၀၁၉) ရက်နေ့တွင် (၀၀:၄၅) နာရီ မှ (၀၅:၃၀) နာရီ အထိ

−   (၃.၂.၂၀၁၉) ရက်နေ့တွင် (၀၀:၅၀) နာရီ မှ (၀၅:၃၀) နာရီ အထိ ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဓာတ်အားပြတ်တောက်မှုများ ဆက်လက်မဖြစ်ပေါ်စေရေး 132 kV မြင်းခြံပင်မဓာတ်အားခွဲရုံရှိ (45)MVA Main Transformer Tapping ညှိခြင်း (Normal Tap) သို့ပြောင်းရွှေ့ခြင်း လုပ်ငန်းအား မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များ နှင့် ကျေးရွာများ အားလုံး (၄.၂.၂၀၁၉) ရက်နေ့ ယနေ့ ည (၁၁:၀၀) နာရီ မှ (၅.၂.၂၀၁၉) ရက်နေ့ (၀၂:၀၀) နာရီ အထိ ခေတ္တဓာတ်အားပြတ်တောက် နေမည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူမိဘပြည်သူများသို့ ကြိုတင်အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။