အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းအား တင်ဒါခေါ်ယူလိုပါသည်-

စဉ်

တင်ဒါ အမှတ်

လုပ်ငန်းအမည်

(က)

2-2(T)/MESC(PL-C) / 2020-2021

မြင်းခြံမြို့နယ်အတွင်း ဓာတ်အားစနစ် တိုးတက်ကောင်းမွန်စေရေး အတွက် လိုအပ်သော ၃၃/၁၁ ကေဗွီ၊ ကံဦးဓာတ်အားခွဲရုံတွင် GCB (1) Set နှင့် RCP (1)Set တပ်ဆင်ခြင်းလုပ်ငန်း

(ခ)

2-3(T)/MESC(PL-C)/ 2020-2021

မြစ်သားမြို့နယ်၊ ၃၃ကေဗွီ အင်းကုန်း-မြစ်သားလိုင်းတွင် Auto Recloser (၁)စုံ တပ်ဆင်ခြင်းလုပ်ငန်း

(ဂ)

2-4(T)/MESC(PL-C)/ 2020-2021

သာစည်မြို့နယ်၊ ၃၃ကေဗွီ သာစည်-ညောင်ရမ်းကုန်းလိုင်း Tap Off ယူမည့် နေရာတွင် Auto Recloser (၁)စုံ တပ်ဆင်ခြင်းလုပ်ငန်း

(ဃ)

2-19(T)/MESC(PL-C)/ 2020-2021

ပြည်ကြီးတံခွန်မြို့နယ်၊၄၉လမ်းသမိန်ဗရမ်းလမ်းထောင့်မှသင်ပန်းကုန်း

ခွဲရုံအထိ ၃၃ကေဗွီဓာတ်အားလိုင်း(၀.၆)မိုင်အားSAC ဖြင့်တည်ဆောက်

ခြင်း

၂။            အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၁.၉.၂၀၂၀) ရက်နေ့တွင် စတင်၍ ရောင်းချ မည်ဖြစ်ပြီး (၂၄.၉.၂၀၂၀) ရက် (၁၄:၀၀) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ တင်ဒါပုံစံနှင့် အချက် အလက်များကို Web Portal (www.moee.gov.mm)၌ အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေး စိတ်အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါ သည်။

 

 

တင်ဒါကော်မတီ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

၂၇လမ်း၊ ၇၇× ၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ဖုန်း -၀၂-၄၀၆၉၁၂၁