ဓာတ်အားပြတ်တောက်မှုအားသိရှိနိုင်ပါရန် ကြိုတင်အသိပေးပန်ကြားခြင်း

ကျောက်ဆည် အောက်တိုဘာ  လ  ၁၂
မြစ်သားမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ မြို့တွင်းဖီဒါအား ဖီဒါအသစ်ခွဲထုတ်ရန် ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါ၍ (၁၃.၁၀.၂၀၁၈) ရက်နေ့ စနေနေ့တွင် မြို့ပေါ် ရပ်ကွက်များ၊ကျေးရွာများ(၀၈:၀၀)နာရီမှ(၁၅:၀၀)နာရီထိ ဓာတ်အား ပြတ်တောက်မည်ဖြစ်ပါ ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။