ဓာတ်အားပြတ်တောက်မည့် အကြောင်းကြေညာခြင်း

ကျောက်ဆည်ခရိုင်အတွင်း(၂၅.၈.၂၀၁၈)နှင့်(၂၆.၈.၂၀၁၈)ရက်စနေ၊  တနင်္ဂနွေနေ့များတွင် ကျောက်ဆည်မြို့မြို့အရှေ့ဘက်ခြမ်းရပ်ကွက်များ၊ ရွှေသာလျောင်းတောင်ပေါ်၊ အရှေ့ဘက်ရှိကျေးရွာများ၊ စဉ့်ကိုင်မြို့နယ်ရှိ ဘဲလင်းကျေးရွာ၊ ရှမ်းကန်ကျေးရွာနှင့် မြစ်သားမြို့နယ် မြို့ပေါ်ရှိရပ်ကွက်အချို့နှင့် ကျေးရွာအချို့နေရာများတွင် ဓာတ်အားလိုင်းထိန်းပြင်လုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ ဓာတ်အားပြတ်တောက်မည့်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်မှု အခြေအနေအား သိရှိနိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။