မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လျှပ်စစ်ဓာတ်အားခ(ဘေလ်)များကို Online တွင် ကြည့်ရှုနိုင်ပြီး ဘဏ်များနှင့် ချိတ်ဆက်၍ Online Payment စနစ်ဖြင့် ပေးဆောင်နိုင်မည် ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

၁။        မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ မြို့နယ်များတွင် သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အားခများနှင့် ပတ်သတ်၍ မီတာဖတ်ခြင်းကို လစဉ်လဆန်း(၁)ရက်နေ့မှ(၅)ရက်အထိ ဆောင်ရွက် လျက်ရှိပါသည်။

၂။         ဓာတ်အားခငွေတောင်းခံလွှာများကို နောက်ဆုံးပေးဆောင်ရမည့်ရက် ရိုက်နှိပ်ဖော်ပြလျက် လစဉ်လဆန်း (၁၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပေးဝေလျက်ရှိပါသည်။

၃။        ထို့အပြင် မန္တလေးခရိုင်အတွင်းရှိမြို့နယ်များအတွက် မိမိသုံးစွဲသော လစဉ်ဓာတ်အားခကို အင်တာနက် ဖွင့်၍ Online မှ အောက်ပါအတိုင်း အလွယ်တကူကြည့်ရှုနိုင်ပါသည်။ ကျန်ရှိသည့် ခရိုင်၊မြို့ကြီးများတွင်လည်း တိုးချဲ့ ဆောင်ရွက်လျက်ရှိပါသည်။

            (က) အင်တာနက်ဖွင့်၍မိမိအသုံးပြုသောBrowser သို့ဝင်ပါ။

            ( ခ) www.mescmm.com ဟုရိုက်ထည့်ပါ။

            ( ဂ) Setting ပုံပေါ်လာပါကနှိပ်၍ ပေါ်လာသော File များထဲမှမီတာစစ်ရန်ကိုနှိပ်ပါ။

            (ဃ) မိမိ၏မီတာအမှတ်အား (-) (.) စသည်တို့ကိုမလွဲအောင်ရိုက်ထည့်ပါ။

            ( င) မိမိမီတာဘေလ်၏ကွန်ပျူတာကုဒ်နံပါတ်ကိုရိုက်ထည့်ပါ။

            ( စ) စစ်မည်ကိုရိုက်နှိပ်ပါ။

            (ဆ) Download PDF ကိုနှိပ်၍ပြန်လည်ကြည့်ရှုပါ။

 (က)           

  

(ခ)

   

(ဂ) 

   

(ဃ) (င) (စ) 

   

(ဆ) 

          

၄။        (က)     ဓာတ်အားခငွေလက်ခံခြင်းကို လစဉ်(၁၁)ရက်မှ (၂၅)ရက်အတွင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး များ၏ ငွေလက်ခံကောင်တာများကို နံနက်(၈:၀၀)နာရီမှညနေ(၄:၀၀)နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်၍ လည်းကောင်း၊

            (ခ)       လစဉ် လဆန်း(၁)ရက်မှ(၁၀)ရက်အတွင်း နှင့် (၂၅)ရက်နေ့နောက်ပိုင်းတွင် ရုံးဖွင့်ရက်များ၌ လည်းကောင်း ငွေကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိရာ ဓာတ်အားသုံးစွဲသူများအနေဖြင့် ငွေတောင်းခံလွှာ ရရှိသည့်ရက် မှစ၍ ပေးဆောင်နိုင်ပါသည်။

၅။        ဓာတ်အားခနောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ရက်အတွင်းပေးဆောင်ခြင်းမရှိဘဲ သတ်မှတ်ရက် ကျော်လွန်မှ လာရောက်ပေးဆောင်ပါက ဓာတ်အားဖြတ်တောက်ခံရမည်ဖြစ်ပြီး ဓာတ်အားခကျသင့်ငွေ နှင့်အတူ သတ်မှတ်ထားသော နောက်ကျဒဏ်ကြေး(မီးဆက်ခ)အားတပါတည်းပေးဆောင်ရမည်ဖြစ်ပါသည်။

၆။        ဓာတ်အားသုံးစွဲသူများအဆင်ပြေလွယ်ကူစွာ  ဓာတ်အားခငွေပေးသွင်းနိုင်ရေး  မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကဘဏ်များစာချုပ်ချုပ်ဆိုခဲ့ပြီး ဘဏ်များနှင့်ချိတ်ဆက်၍ Online စနစ်ဖြင့် ဓာတ်အားခကောက်ခံပေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

၇။        အောက်ဖော်ပြပါမြို့နယ်များတွင် ဘဏ်မှတဆင့် ဓာတ်အားခပေးသွင်းခြင်းကို မိမိတို့ဆောင်ရွက်လိုသော ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ (ဘဏ်များမှ Online Payment စနစ်ဖြင့်လည်း ဆောင်ရွက်ပေးပါသည်။)

စဉ်

ဓာတ်အားခပေးသွင်းမှုဆောင်ရွက်နိုင်သည့်ဘဏ်

မြို့နယ်အမည်

၁။

သမဝါယမဘဏ် ( C B Bank )

(၀၁-၂၃၁၇၇၁၄၊၀၁-၂၃၁၇၇၁၅၊၀၉-၄၃၀၁၈၅၁၃)

အောင်မြေသာစံ၊ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊ပုသိမ်ကြီး၊အမရပူရ၊ ပြင်ဦးလွင်၊မိုးကုတ်၊မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်း၊ ကျောက်ဆည်၊စဉ့်ကိုင်၊ပလိပ်၊တံတားဦး၊မြစ်သား၊ကူမဲ၊ မိတ္ထီလာ၊သာစည်၊ဝမ်းတွင်း၊မလှိုင်၊မြင်းခြံ၊ တောင်သာ၊နွားထိုးကြီး၊ငါန်းဇွန်၊ညောင်ဦး၊ ပုဂံ၊ငါ့သရောက်၊ကျောက်ပန်းတောင်း၊ရမည်းသင်း၊ပျော်ဘွယ်။

၂။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ( AGD  Bank)

(၀၂-၄၀၆၄၉၉၀၊ ၀၂-၄၀၆၄၉၉၁)

အောင်မြေသာစံ၊ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ပြည်ကြီးတံခွန်။

၃။

ပထမပုဂ္ဂလိကဘဏ် (First Private Bank)

(၀၂-၄၀၇၁၈၀၉၊၀၂-၄၀၃၉၁၁၃၊၀၂-၄၀၃၉၁၁၄၊ ၀၉၄၃၁၈၃၂၈၃)

အောင်မြေသာစံ၊ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊ကျောက်ပန်းတောင်း။

၄။

မြန်မာ့ရှေ့ဆောင်ဘဏ်(MAB Bank)

၀၉-၄၅၅၈၂၁၈၇၃

အောင်မြေသာစံ၊ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊ပုသိမ်ကြီး၊အမရပူရ၊ မိုးကုတ်၊ကျောက်ဆည်၊စဉ့်ကိုင်၊မိတ္ထီလာ၊ဝမ်းတွင်း၊မြင်းခြံ၊ ညောင်ဦး၊ပုဂံ၊ငါ့သရောက်၊ကျောက်ပန်းတောင်း၊ရမည်းသင်း၊ပျော်ဘွယ်၊ရန်အောင်။

၅။

ကမ္ဘောဇဘဏ်(KBZ Bank)

၀၉-၇၈၀၆၇၅၇၁၀

အောင်မြေသာစံ၊ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊ပုသိမ်ကြီး၊အမရပူရ၊ ပြင်ဦးလွင်၊မိုးကုတ်၊မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်း၊တကောင်း ကျောက်ဆည်၊စဉ့်ကိုင်၊ပလိပ်၊တံတားဦး၊မြစ်သား၊ကူမဲ၊ မိတ္ထီလာ၊သာစည်၊ဝမ်းတွင်း၊မလှိုင်၊မြင်းခြံ၊ တောင်သာ၊နွားထိုးကြီး၊ငါန်းဇွန်၊ညောင်ဦး၊ ပုဂံ၊ငါ့သရောက်၊ကျောက်ပန်းတောင်း၊ရမည်းသင်း၊ပျော်ဘွယ်၊ရန်အောင်။