ပြည်သူသို့ အသိပေးကြေညာခြင်း ၊ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

၁။        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ မဟာ ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက် အောင် ဆောင်ရွက်နိုင်ရန်လည်းကောင်း ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သည့် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက် များ ရယူဆောင်ရွက်ခဲ့ပါသည်။

၂။       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉) ၏ သဘောတူညီချက်အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လျှပ်စစ် ဓာတ်အားခနှုန်းထားများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-

စဉ်

ဓာတ်အားသုံးစွဲသူ အမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

က

အိမ်သုံးအမျိုးအစား

  • နေအိမ်သုံး
  • အိမ်သုံးပါဝါ
  • တစ်လုံးတစ်ခဲတည်း (အိမ်သုံး)
  • စီးပွားရေးလုပ်ငန်း မပါသော

ဘာသာ/ သာသနာ အဆောက်အအုံ

၁ မှ ၃၀

၃၅

၃၁ မှ ၅၀

၅၀

၅၁ မှ ၇၅

၇၀

၇၆ မှ ၁၀၀

၉၀

၁၀၁ မှ ၁၅၀

၁၁၀

၁၅၁ မှ ၂၀၀

၁၂၀

၂၀၁ နှင့် အထက်

၁၂၅

 

စဉ်

ဓာတ်အားသုံးစွဲသူ အမျိုးအစား

ဓာတ်အားခနှုန်းထား

ယူနစ်အလွှာ

ကျပ်

အိမ်သုံး မဟုတ်သည့် အမျိုးအစား

  • စက်မှုလုပ်ငန်းများ
  • စီးပွားရေးလုပ်ငန်းများ
  • တစ်လုံး တစ်ခဲတည်း
  • ယာယီသုံး
  • လမ်းမီး
  • အစိုးရရုံးဌာနအဖွဲ့အစည်းများ
  • နိုင်ငံပိုင် စက်မှုလုပ်ငန်းများ
  • နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ
  • မြစ်ရေတင်လုပ်ငန်း
  • စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ
  • အစိုးရမဟုတ်သော အဖွဲ့အစည်းများ
  • နိုင်ငံခြားသံရုံးများ
  • နိုင်ငံတကာအဖွဲ့အစည်းများ

၁ မှ ၅၀၀

၁၂၅

၅၀၁ မှ ၅၀၀၀

၁၃၅

၅၀၀၁ မှ ၁၀၀၀၀

၁၄၅

၁၀၀၀၁ မှ ၂၀၀၀၀

၁၅၅

၂၀၀၀၁ မှ ၅၀၀၀၀

၁၆၅

၅၀၀၀၁ မှ ၁၀၀၀၀၀

၁၇၅

၁၀၀၀၀၁ နှင့် အထက်

၁၈၀