ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
ဝန်ထမ်းလျှောက်လွှာများခေါ်ယူခြင်း
၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်
( ၁၃၈၂ ခုနှစ် ကဆုန်လဆန်း ၇ ရက် )
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည် -
စဉ် |
ရာထူးအမည်/ လစာနှုန်း(ကျပ်) |
ရာထူးနေရာ |
ပညာအရည်အချင်း သတ်မှတ်ချက် |
မှတ်ချက် |
က |
အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၁၃) နေရာ (အမျိုးသား/အမျိုးသမီး) |
၁။ ဘွဲ့ရ(အင်ဂျင်နီယာ ၊ ဒီပလိုမာ/ဘွဲ့မပါ) ၂။ Computer အခြေခံ |
|
ခ |
ဒု-လ/ထကွန်ပျူတာလုပ် ဆောင်ရေးမှူး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၂၄) နေရာ (အမျိုးသား/အမျိုးသမီး) |
၁။ ဘွဲ့ရ(အင်ဂျင်နီယာ ၊ ဒီပလိုမာ/ဘွဲ့မပါ) ၂။ Computer ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရ |
လုပ်ငန်းကျွမ်းကျင် မှုရှိသူကိုဦးစားပေး ရွေးချယ်ပါမည်။ |
ဂ |
ဒု-လ/ထကြီးကြပ်ရေးမှူး (မီတာ) ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၁၀) နေရာ (အမျိုးသား) |
(၁၀)တန်းအောင်
|
|
ဃ |
ပစ္စည်းထိန်း-၄ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၂၀) နေရာ (အမျိုးသား/အမျိုးသမီး) |
၁။ ဘွဲ့ရ(အင်ဂျင်နီယာ ၊ ဒီပလိုမာ/ဘွဲ့မပါ) ၂။ Computer အခြေခံ |
|
င |
ပုံဆွဲ-၄ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၁)နေရာ (အမျိုးသား/အမျိုးသမီး) |
၁။ A.G.T.I(Civil)နှင့်အထက် ၂။ Computer အခြေခံ |
လုပ်ငန်းကျွမ်းကျင် မှုရှိသူကိုဦးစားပေး ရွေးချယ်ပါမည်။ |
စ |
ယာဉ်မောင်း-၅ ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀ |
(၅)နေရာ (အမျိုးသား) |
၁။ အလယ်တန်းအဆင့် ၂။ ယာဉ်မောင်းလိုင်စင်(ခ)နှင့် အထက်ရပြီးသူ ဖြစ်ရမည်။ ၃။ ယာဉ်မောင်းလုပ်သက် အနည်း ဆုံး(၂)နှစ်ရှိသူ ဖြစ်ရမည်။ ၄။ (၁)လ အတွင်းပြုလုပ်ထားသော ပြစ်မှု ကင်းရှင်းကြောင်း ယာဉ် ထိန်း ထောက်ခံချက်မူရင်း ပါရှိ ရမည်။ |
ပညာအရည်အချင်း နှင့်အတွေ့အကြုံ အပေါ် မူတည်၍ အသက်ကန့်သတ် ချက်ကိုလျော့ပေါ့ စဉ်းစားမည်။ |
ဆ |
အစောင့် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ |
(၄)နေရာ (အမျိုးသား) |
မူလတန်းအဆင့်
|
|
ဇ |
လုပ်သား ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀ |
(၃၉)နေရာ (အမျိုးသား) |
အလယ်တန်းအဆင့် |
၂။ လျှောက်ထားသူများသည် -
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ရာထူးအားလုံးအတွက် ပြင်ပမှလျှောက်ထားသူများသည် (၃၀.၄.၂၀၂၀) ရက်နေ့တွင် အသက်(၁၈)နှစ်ထက်မငယ် ၊ (၂၅)နှစ်ထက်မကြီးသူ ဖြစ်ရမည်။ မဟာဘွဲ့ဖြစ်ပါက အသက်(၃၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(ပုံဆွဲ-၄ ရာထူးမှလွဲ၍ ကျန်ရာထူးများ အင်ဂျင်နီယာ ဘွဲ့မပါ)
( ဂ ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရှိ အမြဲတမ်းဝန်ထမ်း / နေ့စား ဖြစ်ပါက (၃၀.၄.၂၀၂၀)ရက်နေ့တွင် အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (သက်ဆိုင်ရာ ဌာန / ခရိုင် / မြို့နယ်တာဝန်ခံ၏ ထောက်ခံချက်ပါရှိရမည်)
(ဃ) အပိုဒ် ၁ ၊ အပိုဒ်ခွဲ (စ) ၊ (ဆ) နှင့် (ဇ) ရာထူးနေရာများအတွက် ပညာအရည်အချင်းနှင့် အတွေ့အကြုံအပေါ်မူတည်၍ အသက်ကန့်သတ်ချက်ကို လျော့ပေါ့စဉ်းစားမည်။
( င ) ရာထူးအမျိုးအစား တစ်မျိုးတည်းကိုသာ ရွေးချယ်လျှောက်ထားရမည်။
( စ ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရှိ ဝန်ထမ်းများမှလွဲ၍ မိမိဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီး/လုပ်ငန်း/ကော်ပိုရေးရှင်းများနှင့် အခြားဝန်ကြီးဌာနမှ နိုင်ငံ့ ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီး ဌာန/ဦးစီး/လုပ်ငန်းဌာန၏ ခွင့်ပြုချက်စာများကို လျှောက်လွှာပေးပို့စဉ် တစ်ပါတည်း ပါရှိရမည်။ (တစ်ပါတည်းမပါရှိလျှင် လျှောက်လွှာလက်ခံခြင်း မပြုပါ)
(ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း နေရာဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမည်။
၃။ လျှောက်လွှာနှင့်အတူ ပူးတွဲပါရှိရမည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ယူထားပြီး ပြည့်စုံစွာဖြည့် စွက်ထားသည့် လျှောက်လွှာ။( ၃ လ အတွင်းရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၁)ပုံကပ်ပြီး)
( ခ ) မြန်မာ့စီးပွားရေးဘဏ်များတွင် ပေးသွင်းထားသော ငွေသွင်းချလန်မူရင်း (သို့မဟုတ်) ငွေလွှဲလျှောက်လွှာမူရင်း။
( ဂ ) မန္တလေးတိုင်းရှိ သက်ဆိုင်ရာဒေသတွင် (၁)နှစ်အတွင်း ပြုလုပ်ထားသော အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်း။
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် ၊ ဘွဲ့လက်မှတ် ၊ အခြားတတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ်နှင့် အိမ်ထောင်စုဇယားများ မိတ္တူ(၁)စုံစီ။
( င ) (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ(သို့မဟုတ်)ရပ်ကွက်ထောက်ခံစာနှင့် ပြစ်မှု ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း ထောက်ခံစာမူရင်းများ။
(မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လျှောက်လွှာလက်ခံရာတွင် စိစစ် ဆောင်ရွက်နိုင်ရန်အတွက် လျှောက်လွှာတွင်ပူးတွဲပါရှိရမည့် အထက်အပိုဒ်(ဃ)အတွက် စာရွက်စာတမ်းများ၏ မူရင်းများအား တစ်ပါတည်းယူဆောင်လာရမည် ဖြစ်ပါသည်)
၄။ ခန့်ထားရေးဆောင်ရွက်ရာတွင် ရေးဖြေစစ်ဆေးခြင်း ၊ လူတွေ့စစ်ဆေးခြင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ရေးဖြေအနေဖြင့် မြန်မာစာ / အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ်(၃)ခုအတွက် စုစုပေါင်း(၁)နာရီမေးခွန်းလွှာ ဖြေဆိုရမည်ဖြစ်ပြီး အောက်ပါ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည် -
(က) အငယ်တန်းစာရေး ၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် ပုံဆွဲ-၄ ရာထူး များအတွက် ရေးဖြေစစ်ဆေးခြင်း ၊ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း။
( ခ ) ပစ္စည်းထိန်း-၄နှင့် ဒု-လက်ထောက်ကြီးကြပ်ရေးမှူး(မီတာ) ရာထူးများအတွက် ရေးဖြေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း။
( ဂ ) ယာဉ်မောင်း-၅နှင့် လုပ်သားရာထူးများအတွက် ၊ လူတွေ့စစ်ဆေးခြင်းနှင့် လက်တွေ့ ကျွမ်းကျင်မှုစစ်ဆေးခြင်း။
(ဃ) အစောင့်ရာထူးအတွက် လူတွေ့စစ်ဆေးခြင်း။
၅။ လျှောက်ထားသူများမှ စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀(ကျပ်တစ်ထောင်တိတိ)ကို မန္တလေး ၊
မြန်မာ့စီးပွားရေးဘဏ်(၁)ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ငွေစာရင်းအမှတ်
(CF-001781) (သို့မဟုတ်) သက်ဆိုင်ရာမြို့နယ်အသီးသီးနှင့် နီးစပ်ရာမြို့နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်များမှတစ်ဆင့် မန္တလေးမြန်မာ့စီးပွားရေးဘဏ်(၁)ရှိ ငွေစာရင်းအမှတ် (CF-001781)သို့ ပေးသွင်းရမည် ဖြစ်ပါသည်။
၆။ လျှောက်လွှာကို မန္တလေးမြို့ ၊ ၂၇လမ်း ၊ ၇၇လမ်း _ ၇၈လမ်းကြားရှိ မန္တလေးလျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) ၊ စီမံခန့်ခွဲရေးဌာနတွင် (၂၅.၅.၂၀၂၀) ရက်နေ့မှစ၍ (၂၉.၅.၂၀၂၀) ရက်နေ့ ၊ ( ၁၀ : ၀၀ ) နာရီမှ ( ၁၆ : ၀၀ ) နာရီအချိန်အတွင်း နောက်ဆုံးထား၍ လျှောက်လွှာ ထုတ်ယူသည့်ဌာနသို့ ငွေသွင်းချလန်မိတ္တူ (သို့မဟုတ်) ငွေလွှဲလျှောက်လွှာမိတ္တူ(၂)စုံပေး၍ ကာယကံ ရှင်ကိုယ်တိုင် လာရောက်ပေးပို့ လျှောက်ထားရမည်။
၇။ လျှောက်လွှာနှင့်ပတ်သက်၍ စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း ၊ သတ်မှတ် ရက်ထက် နောက်ကျရောက်ရှိလျှင်သော်လည်းကောင်း လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၈။ သက်ဆိုင်ရာ ရာထူးအလိုက် ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့်ခုံနံပါတ် ၊ ရေးဖြေ/လူတွေ့/ ကွန်ပျူတာကျွမ်းကျင်မှု/လက်တွေ့ကျွမ်းကျင်မှု စစ်ဆေးမည့် ရက်စွဲ / အချိန် / နေရာ ၊ ရေးဖြေ အောင်မြင်သူစာရင်း ၊ လူတွေ့အောင်မြင်သူများစာရင်းနှင့် ရွေးချယ်ခံရသူစာရင်းတို့ကို လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) / ခရိုင်လျှပ်စစ်မန်နေဂျာရုံး ၊ မြို့နယ်/မြို့လျှပ်စစ်မန်နေဂျာရုံးများရှိ ကြော်ငြာသင်ပုန်း ၊ မန္တလေးလျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း Website ဖြစ်သည့် mescmm.com နှင့် ခရိုင်/မြို့နယ်/မြို့ရုံး များတွင် ကြေငြာပေးထားမည် ဖြစ်ပါသည်။
၉။ အငယ်တန်းစာရေး ၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ၊ ဒု-လက်ထောက်ကြီးကြပ် ရေးမှူး(မီတာ) ၊ ပစ္စည်းထိန်း-၄နှင့် ပုံဆွဲ-၄ ရာထူး(၆)မျိုးအတွက် ရေးဖြေဖြေဆိုရမည့် မြန်မာစာ/ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာ ဘာသာရပ်(၃)မျိုးအတွက် စုစုပေါင်း (၁)နာရီမေးခွန်း ဖြေဆို ရမည် ဖြစ်ပါသည်။
၁၀။ ရွေးချယ်ခံရသူများသည် တာဝန်ကျသည့်ဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရ မည်ဖြစ်ပြီး မလိုက်နာ၍ပျက်ကွက်ပါက လျော်ကြေးငွေကျပ် ၅၀၀,၀၀၀(ကျပ်ငါးသိန်းတိတိ) ပေးလျော် ရမည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည်။
၁၁။ အသေးစိတ် သိရှိလိုပါက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) ၊ စီမံ ခန့်ခွဲရေးဌာန ၊ ဖုန်း-၀၂-၄၀၇၃၅၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း