“ဘယ်လိုပြောလို့ ဘယ်လိုဖြေရပါ့” အပိုင်း (၇)

  • ဘာဖြစ်လာပြန်ပြီလည်း ဒေါ်သန်းသန်းအေး။ ကျွန်တော့်ရုံးခန်းထဲ စာရွက်ကိုင်ပြီး ခပ်သုတ်သုတ်ဝင်လာတဲ့ ဒေါ်သန်းသန်းအေးကိုတွေ့ရင် ကျွန်တော်ကအတတ်သိပြီးသား။ ဓာတ်လိုက်မှုဖြစ်စဉ်ဆိုတာပါ။
  • ဒေါ်သန်းသန်းအေးက စိတ်မကောင်းပါဘူးဆရာရယ် ဆိုပြီး စာရွက်ကလေးကိုပြလို့ ဖတ်ကြည်လိုက်တော့…..
  • 5.2.2019 ရက်နေ့၊ ဒီနေ့ နေ့လည် ၁၁:၃၀ နာရီကပါ။
  • သေဆုံးတဲ့သူက မောင်ငြိမ်းထက်အောင်၊ အသက်က (၂၂)နှစ်ပဲရှိပါသေးတယ်။
  • သူ့အဖေနာမည်က ဦးတင်ထွန်း။
  • ဖြစ်ပွားတဲ့နေရာက ဦးသက်နိုင်အုန်းပိုင်ဆိုင်သော “ဝင်းဝင်းသောက်ရေသန့်စက်ရုံ” အတွင်းမှာပါ။
  • ဖြစ်သွားခဲ့ရတာကလည်း၊ ရေသန့်စက်ရုံရဲ့ CCTV ကင်မရာပျက်နေတယ်၊ သူတို့ကပြင်တယ်။ အလူမီနီယံ လှေကားထောင်တက်တယ်။ အလူမီနီယံလှေကားအောက်ခြေနဲ့ Drill Gun နဲ့ ထိနေတယ်။ ဒီ Drill Gun က ဖောက်စရာအလုပ်တစ်ခုခုကို လုပ်နေတာဖြစ်ပါလိမ့်မယ်။ မီးပလပ်ပေါက်မှာ တပ်ထားတာကို မဖြုတ်မိတာလား။ ဘာကြောင့်ရယ်တော့မသိပေမဲ့ အဲဒီ Drill Gun ကနေ ဓာတ်အားစီးဝင်ပြီး ဓာတ်လိုက်မှုဖြစ်သွားတယ်လို့ သုံးသပ်ရပါတယ်။ ဆေးရုံရောက်မှ သေဆုံးသွားတာပါ။ ဓာတ်လိုက်မှုကြောင့် သေဆုံးရခြင်း ဟုတ်၊မဟုတ်က ဆရာဝန်ရဲ့ ဆေးစစ်ဆေးချက် အစီရင်ခံစာက အတည်ပြုပေးပါတယ်။ ဓာတ်လိုက်သေဆုံးတာ မှန်ပါတယ်။
  • ပြီးခဲ့တဲ့ဇန်နဝါရီလပိုင်းက ဓာတ်လိုက်မှုဖြစ်စဉ် သုံးခုမှာ လူနှစ်ယောက်သေပြီး၊ နွားတစ်ကောင်သေပါတယ်။ ဒီလမှာ တစ်ယောက်စသေပြန်ပါပြီ။ ကျွန်တော်တော့ ဘယ်လိုပြောရမလည်း၊ ဘယ်လိုဖြေရမလည်း ဆိုတာ မသိတော့ပါဘူးဗျာ။
  • စာဖတ်သူမိတ်ဆွေအနေနဲ့ ဘာလုပ်ရမလည်းဆိုတာလည်း ပြောပါဦးနော်။ ကျွန်တော့ လက်တွေ အားမရှိတော့လို့ပါ။ နောက်ကိုမဖြစ်အောင်လည်း တက်နိုင်သမျှ ဖြစ်စဉ်လေးတွေ သိအောင် ရှယ်ပေးပါဦးလို့။ စာတွေလည်းဖတ်ကြပါလို့။။

(စာဖတ်သူအဆွေ၊ ငြိမ်းအေးသာယာပါစေသား)

<<မြင့်လွင်ပါကြီး>>          <5.2.2019>