ဓာတ်အားပြတ်တောက်မှုကို မေတ္တာရပ်ခံပန်ကြားခြင်း

မန္တလေးတိုင်းဒေသကြီး၊  မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ၄၉လမ်းနှင့် ငကျွဲလမ်းထောင့်ရှိ ထွန်တုံးဓာတ်အားခွဲရုံတွင် ၇:၄၅ နာရီ အချိန်၌ PT ပွင့်သွားပါသဖြင့် အောင်ပင်လယ်ရပ်ကွက်များနှင့် အောင်သာယာရပ်ကွက်များတွင် ဓာတ်အားပြတ်တောက်လျက်ရှိပါသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်နေပါသဖြင့် ဓာတ်အားပြတ်တောက်မှုကို သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။