၁၅-၉-၂၀၁၉ ရက်၊ တနင်္ဂနွေနေ့တွင် ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ကြိုတင်အသိပေးခြင်း

၁။           လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မြင်းခြံ(သံမဏိ)ဓာတ်အားခွဲရုံ Switchyard အတွင်းရှိ DSE, DS, CT များ၏ Terminal Clamp များနှင့် Bus Jumper Clamp များတွင် Hotspot ဖြစ်နေခြင်းကြောင့် Bolts & Nuts နှင့် Terminal Clamp အစားထိုး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြင်းခြံ(သံမဏိ)ဓာတ်အားခွဲရုံ၏ 230 kV Bus အား ၁၅-၉-၂၀၁၉ ရက်နေ့၊ တနင်္ဂနွေနေ့၊ နံနက်(၀၆:၀၀)နာရီမှ နေ့လည်(၁၃:၀၀)နာရီထိ ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသည်။

၂။           အထက်ပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် Sembcorp(မြင်းခြံ)စက်ရုံ၏ ဓာတ်အား ထုတ်လုပ်မှု(၂၂၅)မဂ္ဂါဝပ်ခန့်နှင့် V-Power(မြင်းခြံ) စက်ရုံ၏ ဓာတ်အားထုတ်လုပ်မှု(၆၅)မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်ပြီး ဓာတ်အားစနစ်အတွင်း ဝန်အားသုံးစွဲမှု အနည်းဆုံးဖြစ်သည့် တနင်္ဂနွေနေ့တွင် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

၃။           သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ်အချိန်တွင် မြင်းခြံ(သံမဏိ)စက်ရုံ တစ်ခုသာ ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း အများပြည်သူများသို့ ကြိုတင်အသိပေးပန်ကြားအပ်ပါသည်။