မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ကြိုတင်အသိပေးခြင်း

၁။           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်း အသစ်တည်ဆောက်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။           ၆၆/၁၁ ကေဗွီ၊ မြို့မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ စက်စက်ယို ဖီဒါဓာတ်အားလိုင်း (၅)မိုင် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းဘက်ဂျက်ဖြင့် စံကောင်းမှန်ကုမ္ပဏီမှ တင်ဒါအောင်မြင်၍ ဆောင်ရွက်လျက်ရှိရာ ၁၀ မီတာ ကွန်ကရစ်တိုင်များ စိုက်ထူခြင်းနှင့် ဓာတ်အားလိုင်းကြိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၁၁ ကေဗွီ စက်စက်ယိုဖီဒါနှင့် နတ်သမီးကမ်းပါး ဖီဒါအား ၂၄-၉-၂၀၁၉ ရက်နေ့မှ ၂၇-၉-၂၀၁၉ ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်သွားမည်ဖြစ်ပါသည်။

၃။           သို့ဖြစ်ပါ၍ အထက်ပါဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ၁၁ ကေဗွီ စက်စက်ယိုဖီဒါနှင့် နတ်သမီးကမ်းပါးဖီဒါ တို့မှ ဓာတ်အားဖြန့်ဖြူးပေးထားသော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊  ဘုရား/ပုထိုး/စေတီများ၊ ရေစက်များ၊ ဆီဆိုင်များ၊ ဟိုတယ်များနှင့် ငါ့သရောက် မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများအားလုံးတို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။