မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရေး တို့အတွက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများတွင် (၁.၁၀.၂၀၁၉)ရက်နေ့မှ (၅.၁၀.၂၀၁၉) ရက်နေ့ အတွင်း ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ ဧရိယာများတွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိ ပေး ပန်ကြားအပ်ပါသည်-

၁။     (၁.၁၀.၂၀၁၉) ရက်နေ့မှ (၅.၁၀.၂၀၁၉) ရက်နေ့ထိ ညောင်ဦးခရိုင် အတွင်း၌

(၁)     ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ ရေစက်များ၊ ဟိုတယ်များ၊ ဆီဆိုင်များ၊ ကျေးရွာများ၊ ဘုရားများနှင့် ငါ့သရောက်မြို့နယ်တို့တွင် နံနက် (၈) နာရီမှ ညနေ (၄) နာရီထိ

၂။     (၁.၁၀.၂၀၁၉) အင်္ဂါနေ့တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ရမည်းသင်းခရိုင်အတွင်း၌

(၁)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ အနှိပ်တော်၊ မဟာဇေယျာဘုံ၊ ဒေါနဘွား၊ အတုမရှိနှင့် အရှေ့အိမ်ပြင်စခန်း တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၂)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းအေးသာစံအရှေ့/အလယ်၊ ဟေမာဇလ၊ ကဉ္စဏမဟီ၊ ပတ်ကုန်းဝန်းကျင်၊ အောင်နန်းအရှေ့၊ ဘူတာကြီး၊ တိုင်းဆသရ၊ မျက်စိ/နား/နှာခေါင်း/လည်ချောင်းဆေးရုံ၊ ကလေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ရုံးဝင်းကြီး၊ မြို့တော် စည်ပင်၊ ပြည်ခိုင်ဖြိုးရုံး၊ ဝန်ကြီးချုပ်နေအိမ်နှင့် MESC ရုံး၊ ၇၈x၂၇ မီးပွိုင့်နှင့် ဗဟိုမီးသတ်တို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၃)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင်(၁)၊ (၂)၊ တက္ကသိုလ်နှင့် ရဲမွန်တောင် ရပ်ကွက် တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၄)     မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်း၊ (က)၊ (ခ)၊ နှင့် (ဃ)ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၅)    မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ စွယ်တော်ဘုရား၊ ပွဲရုံတန်း၊ ပြည်ကြီးမန္တလာကာကွင်း၊ မြစ်လောင်းရပ်၊ ဝဝရပ်ကွက်၊ တပ်မတော်သွပ်ပြားစက်ရုံ၊ ပလစ စစ်တပ်၊ ပြည်လုံးကျော်ရွာ၊ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ ရှားတောလေးကျေးရွာ၊ နတ်ရေကန်ကျေးရွာနှင့် ဆောက်တောဝ ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၆)    ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဗဝတ၊ ရဲသိပ္ပံ၊ ဗဟိုမီးသတ်၊ ဇီးပင်ကြီး၊ ၂၁မိုင်၊ ညောင်ပေါ၊ ကျောက်ထုတ် စခန်းတို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၇)     ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၈)    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ရုံးပေါင်းစုံ၊ ကြက်မင်းတွန်၊ သစ်တောရုံး၊ (၈၁) ထွန်စက်စခန်း၊ ရေအရင်းမြစ်၊ ရွှေသိမ်တော်၊ ကျောက်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာ များတွင် နံနက် (၈) နာရီမှ နေ့လည် (၂) နာရီထိ

(၉)    မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ လှိုင်းတက်၊ မယ်ဇလီကန်၊ ဘုရားငါးဆူ၊ သူဌေးကုန်း၊ စည်သွပ် စက်ရုံ၊ အောင်သာ၊ ဆံမြိတ်ရှည်၊ မကျည်းကန်၊ လျော်ဖြူကုန်း၊ တွင်းရွာ၊ လှိုင်းတက်စိုက်ခြံနှင့် လှိုင်းတက်တိုက်နယ်ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၁၀)  ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ တမ္ပဝတီရပ်ကွက်၊ တမ္ပဝတီ ဈေးသစ်၊ သာယာအေးရပ်ကွက်၊ မြို့နယ်ရဲစခန်း၊ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလယ်ယာ၊ ဆည်ပေါက်ရွာ၊ ပုပ္ပါးတောင်ကလပ်၊ ပုပ္ပါးတောင်မကြီး၊ MRTV နှင့် Popa Resort တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

၃။     (၃.၁၀.၂၀၁၉)ရက်၊ ကြာသပတေးနေ့တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်အတွင်း

­

(၁)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအနောက်၊ ဒေးဝန်းအနောက်၊ ပြည်ကြီး ပျော်ဘွယ်(အရှေ့/အနောက်)၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၂)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာ/အနောက်နှင့် ရတနာ/အရှေ့ ရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ ​နေ့လည် (၂) နာရီထိ

(၃)     မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ်(၃)၊ (၄)၊ (၅) နှင့် ကံသာယာရပ်ကွက်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၄)     မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဈ)ရပ်ကွက်၊ စက်မှုဇုန်အချို့နေရာများနှင့် ပုသိမ်ကြီး မြို့နယ်ရှိ ကျောက်မီးခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ပေးထားသော ကျေးရွာ(၁၇)ရွာနှင့် ကံကြီးကုန်း ကျေးရွာတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၅)    မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီး၊ သမ္မတော၊ လက်ကောင်း၊ သဇင်ကုန်း၊ ပုလဲကုန်း၊ ဘန့်တင်၊ ဘန့်ကွဲ၊ လက်သစ်၊ မြို့တော၊ ငွေတောင်၊ ကုလားကြီးခြံ၊ တောတွင်နှင့် တံတိုင်း ရှည်တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၆)    ပြင်ဦလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရပ်ကွက်ကြီး (၈၊ ၁၀၊ ၁၂)၊ ကျီးကိုင်၊ အင်းယာ၊ အင်းပုတ်၊ သရက်ကုန်း၊ မျှင်တောင်၊ သင်္ဂတုံ၊ရေမောင်းကုန်း၊ အင်းထိပ်၊ ရွှေသင်း၊ သပြေရေတို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၇)     ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တောင်ဘက်ခြမ်းရှိ အင်ရောင်း၊ မင်းစု၊ ရွှေဂူကြီး၊ အုန်းခရိုင်နှင့် မြစ်သားမြို့နယ်ရှိ ရွာမုန်းကြီး၊ မယှက်တို့တွင် နံနက် (၈) နာရီမှ ညနေ (၀၄:၃၀) နာရီထိ

(၈)    ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ သပန၊ ဒြပ်ပစ္စည်းသိပွံ၊ သပနနည်းပညာတက္ကသိုလ်၊ ကျေးရွာ များနှင့် လစရ (လ)တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၉)    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ကြက်မင်းတွန်ရပ်ကွက်၊ ပြည်သူ့ဆေးရုံ၊ စည်ပင်ရေ တင်စက်နှင့် အိမ်တော်တို့တွင် နံနက် (၈) နာရီမှ နေ့လည် (၂) နာရီထိ

(၁၀)  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် ကူမဲမြို့နယ်ရှိ ကျေးရွာများ၊ ကျောင်းများ၊ ကျောက်ဆည် မြို့တောင်ဘက်ခြမ်းတို့တွင် နံနက် (၀၈:၃၀) နာရီမှ နေ့လည် (၂) နာရီထိ

(၁၁)  ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ချိုင်းရွာ၊ ငရံ့ကုန်း၊ ကျောက်တံခါး၊ မြောင်းရှည်ဝိုင်း၊ ကန်ဇက်ကုန်း၊ မြောက်တော၊ ဆုံကုန်း၊ ဆင်ဆင်း၊ လယ်ယား(မ)၊ လယ်ကြီး၊ စိတ္တိန်း (တောင်၊ မြောက်)တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ