နွားထိုးကြီးမြို့နယ်တွင် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ် ဖွင့်လှစ်ခြင်း

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်တွင်  အသစ်တည်ဆောက်လျက်ရှိသော  ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၆) မိုင် နှင့် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ပြင်စည်ဓာတ်အားခွဲရုံ ဓာတ်အားလက်ခံဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားလိုင်း ၊ ဓာတ်အားခွဲရုံ နှင့် ထရန်စဖော်မာ များအား တာ၀န်ရှိသူများမှ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပြီး (၉.၁၀.၂၀၁၈) ရက်နေ့ ညနေ(၁၈:၀၅) နာရီတွင် ဓာတ်အားလိုင်းအား ဓာတ်အားပို့လွှတ်ပြီး (၁၈:၁၅) နာရီတွင် ခွဲရုံ Station ဓာတ်အားလက်ခံခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း နှင့် ပြင်စည်ဒေသ ပတ်၀န်းကျင်ကျေးရွာများအား နွားထိုးကြီးဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးခြင်း မပြုတော့ပဲ ပြင်စည်ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် နွားထိုးကြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဓာတ်အားပြည့်၀စွာ ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားပြတ်တောက်မှုများလျော့နဲခြင်း ၊ Unit Losses ပျောက်ဆုံးမှုလျော့နဲခြင်း စသောအကျိုးကျေးရွာများ ရရှိမည်ဖြစ်ပါသည်။

အဆိုပါ ဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။