နွားထိုးကြီးမြို့နယ်အတွင်းရှိ 33/11 kV (5)MVA ၀က်လူးဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်းများ တည်ဆောက်ပြီးစီးမှုအား စစ်ဆေးခြင်း

မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ကာလတိုဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက် ရှိသော 33/11 kV (5)MVA ၀က်လူးဓာတ်အားခွဲရုံ တည်ဆောက်ခြင်း ၊ 33 kV ဓာတ်အားလိုင်း (၀.၅) မိုင် နှင့် 11 kV ဓာတ်အားလိုင်း (၅) မိုင် တည်ဆောက်ပြီးစီးမှုအား (၁၁.၉.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်လျှပ်စစ်မန်နေဂျာ ၊ ဒု-ခရိုင်လျှပ်စစ်မန်နေဂျာ နှင့် ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာတို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။