မီးသုံးသူပြည်သူများအနေဖြင့် မီတာလျှောက်ထားရာတွင် လိုအပ်သည့် ၀န်ခံကတိပြုချက်များ

မြင်းခြံခရိုင်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် မီတာလျှောက်ထားရာတွင် ဌာန၀န်ထမ်းများမှ အောက်ပါအတိုင်း ရှင်းပြလျက်ရှိပါသည်။

(လျှောက်လွှာအမှုတွဲမှာ လက်မှတ်ရေးထိုးရုံနှင့်မလုံလောက်ပါ)

  • ကျူးကျော်အဆောက်အဦးများကို မီတာတပ်ဆင်ခွင့်မပြုပါ။
  • မီတာတပ်ဆင်မှုကြောင့် မြေယာပိုင်ဆိုင်မှု နှင့် သက်ဆိုင်ခြင်းမရှိပါ။
  • မီတာတပ်ဆင်မှုကို ခုတုံးမလုပ်ရပါ။
  • ဌာနမှ မီတာကို ရောင်းချခြင်းမဟုတ်ပါ ဓာတ်အားကို ရောင်းချခြင်းသာဖြစ်ပါသည်။
  • ဓာတ်အားသုံးစွဲခြင်းမရှိပါက မြို့နယ်လျှပ်စစ်ရုံးသို့ ပြန်လည်အပ်နှံရမည်။
  • လိပ်စာပြောင်း၍ ပြောင်းရွှေ့တပ်ဆင်ခွင့်မပြုပါ။
  • ကျူးကျော်မီတာ တပ်ခဲ့သည်ဖြစ်စေ ၊ ပိုင်ဆိုင်မှုရှိသူကို တပ်ဆင်ခဲ့သည်ဖြစ်စေ

အရှုပ်အရှင်းများကြောင့် ဖြေရှင်းရမည်ဆိုပါက…

‘မမှန်မကန်ဖြည့်စွက်မှုကြောင့် အငြင်းပွားဖွယ်တစ်စုံတစ်ရာ ပိုင်ဆိုင်မှုပြဿနာ

ပေါ်ပေါက်လျင် ၀န်ကြီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါမည်။’

ဟု လျှောက်ထားသူမှ လိုက်နာမည်ဖြစ်ကြောင်း နှင့် ဓာတ်အားဖြတ်တောက်ခြင်း

ခံရမည်ကို သိရှိကြောင်း ၀န်ခံကတိပြုချက် နှင့် ဖြေရှင်းဆောင်ရွက်ပုံများကို ရှင်းပြလျက်ရှိကြောင်း သတင်းရရှိပါသည်။