တောင်သာမြို့နယ်အတွင်း တိုင်းဒေသကြီး ကာလတိုဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် တိုင်းဒေသကြီး ကာလတို ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျူချောင်း-စွန်းလွန်း ၁၁ ကေဗွီ ဓာတ်အားလိုင်း (၁၂) မိုင် တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးပါက ဓာတ်အားလိုင်းတစ်လျှောက်ရှိ ကျေးရွာ (၁၈) ရွာ အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။