
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မြင်းခြံခရိုင်အတွင်း မြို့နယ်/ကျေးရွာ များရှိ မီတာလျှောက်ထားသူများသို့…
(၁) ကျေးရွာသုံး 5/30 A ဒီဂျစ်တယ်မီတာ (ရိုးရိုးဖတ်) ၄၅၀၀၀ ကျပ်
(၂) မြို့ငယ်သုံး 5/30 A ဒီဂျစ်တယ်မီတာ (စက်ဖတ်) ၇၅၀၀၀ ကျပ်
(၃) မြို့ကြီးသုံး 10/30 A ဒီဂျစ်တယ်မီတာ (စက်ဖတ်) ၈၅၀၀၀ ကျပ်
(၄) မြို့ကြီးသုံး 10/60 A ဒီဂျစ်တယ်မီတာ (စက်ဖတ်) ၉၀၀၀၀ ကျပ်
ဟူ၍ မီတာ(၄)မျိုးဖြင့် မီးသုံးသူ ပြည်သူများထံ တပ်ဆင်ပေးလျက်ရှိရာ မီးသုံးသူများ အနေဖြင့် မိမိနှင့်ကိုက်ညီသော မီတာများကို ရွေးချယ်တပ်ဆင်သင့်ပါသည်…
(၁) ကျေးရွာသုံး 5/30 A မီတာ ၊ မြို့ငယ်သုံး 5/30 A မီတာ ဟု(၂)မျိုးရှိပြီး စျေးနှုန်း နှင့်
အရွယ်အစားကွာခြားသော်လည်း ၀န်အားနိုင်နင်းမှုမှာ အတူတူပင်ဖြစ်ပါသည်။
5/30 A ၏သဘောမှာ အနည်းဆုံး 5A (၅ အမ်ပီယာ) (Continuous ampere rating) နှင့် အများဆုံး 30A (၃၀ အမ်ပီယာ) (Maximum ampere rating)နိုင်နင်း
သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
တစ်နာရီကျော်ဆက်တိုက် ၃၀ အမ်ပီယာ ထက်ကျော်သုံးက Over Load (၀န်ပို)ဖြစ်
သွားတဲ့အတွက် (LED Alarm) ပြသွားပါမည်။
(၂) မြို့ပေါ်တွင် တပ်ဆင်ပေးမည့် 10/30 A မီတာများသည်လည်း 10/30 A ပင်ဖြစ်
သဖြင့် အနည်းဆုံး 10A (၁၀ အမ်ပီယာ) ၊ အများဆုံး 30A (၃၀ အမ်ပီယာ) နိုင်နင်း
သည်ကို ဆိုလိုခြင်းဖြစ်ရာ မီတာ အမျိုးအမည်/အရွယ်အစား/ပုံပန်းသဏ္ဍာန်/စျေးနှုန်း
ကွာခြားသွားသည်မှလွဲ၍ အများဆု့း၀န်အား နိုင်နင်းမှုမှာ အတူတူပင်ဖြစ်ပါသည်။
ပုံမှန်အလင်းရောင် ရရှိရန်/ချက်ပြုတ်ကြော်လှော်/တစ်အိမ်သုံးရေတင် ကိစ္စရပ်များပင်
ဖြစ်ပါက ကျေးရွာများအနေဖြင့် ဖော်ပြပါ 5/30A မီတာနှင့်ပင်လုံလောက်ပါသည်။
(၃) မြို့ကြီးသုံး 10/60A မီတာသည် အများဆုံး 60A (၆၀ အမ်ပီယာ) နိုင်နင်းသဖြင့်
တစ်နိုင်တစ်ပိုင် ရေဘော်စက်များသုံးစွဲသော ပရိဘောဂလုပ်ငန်းများ/တစ်နိုင်တစ်ပိုင်
မုန့်လုပ်ငန်းများ/အသေးစား စားသောက်ဆိုင်လုပ်ငန်းများ အတွက် သင့်တော်သော
မီတာဖြစ်ပါသည်။
(၄) မီတာကိုလည်း ၀န်အပြည့်သုံးဖန်များက လောင်သွားနိုင်သဖြင့် ခံနိုင်၀န်၏ ၇၀%
ကိုသာ သုံးစွဲသင့်သည်ကို သိသင့်ပါသည်။
5/30A နှင့်10/30A Digital Meter များသည် ၀ပ်အား ၆၀၀၀ ထိခံနိုင်သော်လည်း
၇၀% ဖြစ်သည့် ၀ပ် ၄၀၀၀ ခန့်သာ အိမ်တွင်းပစ္စည်းများ စုပြုံသုံးသင့်ပါသည်။
(၅) မြို့ကြီးသုံး 10/60A အိမ်သုံးသည် ၀ပ် ၁၂၀၀၀ (12kW) အထိ ခံနိုင်ပြီး ခံနိုင်ရည်၏
၇၀% ဖြစ်သော ၀ပ် ၈၀၀၀ ခန့်ကိုသာ တစ်ချိန်တည်း ပြုံသုံးသင့်ပါသည်။ကြာမြင့်စွာ
မသုံးသင့်ပါ(ဗို့အား အတက်/အကျ ရှိသဖြင့် ပျမ်းမျှအနေဖြင့် 200 V ဖြင့် 1A
(၁ အမ်ပီယာ) သုံးစွဲပါက ၀န်အား ၂၀၀ ၀ပ် ရှိမည်ဖြစ်ပါသည်။
သုံးသွင်ယူနစ် တွက်ချက်မှုအရ (၀ပ် ၁၀၀၀ x တစ်နာရီ ) သုံးစွဲပါက တစ်ယူနစ်
ဖြစ်သဖြင့် မိမိသုံးစွဲသလောက် တွက်ချက်နိုင်ပါသည်။
မန္တလေးတိုင်းအတွင်းရှိအိမ်ခန်းတွေက အရင်တိုင်မှာကပ်တဲ့ မီတာများအစား ယခု
အိမ်မှာတပ်ထားတော့ မီတာဖတ်စာရေးက Hand Held Unit(HHU) များဖြင့် လမ်း
ထဲဆိုင်ကယ်ပေါ်မှ ဖတ်ပါကလည်း မိမိမျက်စိဖြင့် မီတာဘီလ်ထဲက ယူနစ်လစဥ်
သုံးစွဲမှုကို စစ်နိုင်သဖြင့် အငြင်းမပွားနိုင်ပါ။ ဒါ့အပြင် တရားမ၀င်သုံးစွဲမှုများရှိပါ
ကလည်း LED Alarm မီးလေးလင်းတာမျိုးတွေမှာ Alarm အမှတ်အလိုက်
ဒဏ်ကြေးဆောင်ရမှာမို့ တရားမ၀င် ဓာတ်အားသုံးစွဲမှုများ လျော့နည်းသွားမှာ
ဖြစ်ကြောင်းတင်ပြအပ်ပါသည်။