မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်အတွင်းရှိ  သိမ်တိုင်ကျေးရွာ နှင့် ဇလပ်ကုန်းကျေးရွာများ “လျှပ်စစ်မီးဖွင့်ပွဲ  အခမ်းအနား”အား (၂၀.၇.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပ ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် အစိုးရ အဖွဲ့၀င် ၀န်ကြီးများ၊ MESC မှ ခေတ္တ ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ ၊ မီးလင်းရေးကော်မတီများ နှင့် ရွာသူ/ရွာသားများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။