မြင်းခြံမြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရေး ကွင်းဆင်းစစ်ဆေး

(၃.၁၁.၂၀၁၈) ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး ဓာတ်အားခွဲရုံများ နှင့် ဆန္ဒမဲလက်မှတ်များ စိစစ်လက်ခံသိမ်းဆည်းမည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး နှင့် မဲရုံများတွင် အရံမီးစက်များ ဆောင်ရွက်ထားရှိမှုအား ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ တာ၀န်ရှိသူများမှ ဌာနအလိုက် တာ၀န်ရှိသူများနှင့်အတူ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။