မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများတွင် ကျူးကျော်မဟုတ်ကြောင်း ထောက်ခံချက်များ စစ်ဆေးဆောင်ရွက်လျက်ရှိ

မြင်းခြံခရိုင်အတွင်းရှိ   မြို့နယ်များတွင်  ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကျူးကျော်မဟုတ်ကြောင်း ထောက်ခံချက်များ နှင့် စီတီမီတာ တောင်းခံထုတ်ယူရာတွင် အိမ်သုံးမီတာသတ်မှတ်ကြေးများ ပေးသွင်းပြီးမှသာ တင်ပြတောင်းခံထုတ်ယူရန် ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို ခရိုင်အတွင်းရှိ မြို့နယ်များမှ သိရှိလိုက်နာဆောင်ရွက်ကြရန် နှင့် သက်ဆိုင်ရာမီးလင်းရေးကော်မတီများသို့ နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားပေးကြရန် ညွှန်ကြားထားရှိပြီး လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။