လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းနိုင်သည် ကျောက်ပန်းတောင်းမြို့သို့ ဓာတ်အားခွဲရုံတည်ဆောက်မည့် မြေနေရာ နှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်သည် ၀န်ကြီးဌာနမှ ဌာနကြီးမှူးများ / တာ၀န်ရှိသူများနှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာအနီး 132/66/11 kV ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှု၍ နေ့လည် (၁၃း၀၀) နာရီတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း သို့ရောက်ရှိပြီး ခန်းမ(၁)၌ အစည်းအဝေးပြုလုပ်ပါသည်။ အစည်းအဝေးတွင် မန္တလေးတိုင်း အမရပူရမြို့နယ်တွင် တည်ဆောက်မည့် 230kV ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ တည်ဆောက်မည့် အခြေအနေနှင့် 230kV ရွှေစာရံ-ဒေါင်းရွေး ဓာတ်အားလိုင်း (၈)မိုင် တည်ဆောက်မည့် အခြေအနေများနှင့် ပတ်သက်၍ စီမံကိန်းညွှန်/မှူး ဒု-အင်/ချုပ် ဦးမင်းနိုင်(DPTSC) မှ တင်ပြပြီး MESC မှ ခေတ္တ CEO ဦးစိုးမင်းထွန်း နှင့် အင်/ချုပ် ဦးကိုနိုင်တို့မှ အဆိုပါ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ဖြစ်ပေါ်လာမည့် Distribution Network နှင့်ပတ်သက်၍ တင်ပြရာ တာ၀န်ရှိသူများမှ အသီးသီး ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ခရိုင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြပါသည်။ ထို့နောက် ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းနိုင်မှ အဆိုပါ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ပြီးပါက မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တိုးတက်ဖြန့်ဖြူးနိုင်မှု အခြေအနေ ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းမည့် အခြေအနေနှင့် အနာဂါတ်ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များအတွက် အပြည့်အ၀ ဗို့အားပြည့်မှီစွာဖြင့် ဓာတ်အားပေးနိုင်ရေး ကြိုတင် ဆောင်ရွက်မှုဖြစ်ခြင်းကြောင့် လုပ်ငန်းစီမံကိန်းများ သတ်မှတ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဌာနများအလိုက် ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ညနေ (၁၇း၀၅) ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။