66/11 kV ကုက္ကဲဓာတ်အားခွဲရုံ ဓာတ်အားစတင်လက်ခံ ဖွင့်လှစ်ခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော 66/11 kV ကုက္ကဲဓာတ်အားခွဲရုံအား ဓာတ်အားပို့လွှတ်နိုင်ရေး DPTSC TestLab ဌာနမှ တာ၀န်ရှိသူများ ၊ MESC ရုံးချုပ်မှ တာ၀န်ရှိသူများ နှင့် မြင်းခြံခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာ၀န်ရှိသူများမှ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်၍ အောက်ပါအတိုင်း ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည် −

66 kV ဓာတ်အားလိုင်း     − ၁၅း၀၀ နာရီ

(5)MVA Transformer     − ၁၅း၃၈ နာရီ

ကုက္ကဲဒေသ ကျေးရွာ (၅၃)ရွာအနက် ဆောင်ရွက်ပြီး (၃၂)ရွာ နှင့် ဆေးရုံ(၁)ရုံအား ဓာတ်အားပေးနိုင်ရေး (၁၁)ကေဗွီ ဓာတ်အားလိုင်းများအား စစ်ဆေးခြင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားလိုင်းများ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာများအား အမြန်ဆုံး ဓာတ်အားစတင်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။