မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (10)MVA ထရန်စဖော်မာ အစားထိုးလဲလှယ်ပြီးစီးခြင်း

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (10)MVA ထရန်စဖော်မာ အစားထိုးလဲလှယ်ပြီးစီးခြင်း

ဝမ်းတွင်း၊ ဇူလိုင်  ၂

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ33/11kV(10+10)MVAဝမ်းတွင်း ဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုထားသော 33/11kV (10) MVA(YTE) ထရန်စဖော်မာ (Sr.No.05050) သည် (၂၇.၆.၂၀၁၈ )ရက်နေ့တွင် ဓာတ်အားဖြန့်ဖြူးနေစဉ်( ၀၉:၅၅ ) နာရီအချိန်တွင် Differential Relay Trip ဖြစ်ပေါ်ပြီး ထရန်စဖော်မာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းချို့ယွင်းသွားသော   ထရန်စဖော်မာနေရာတွင် အစားထိုး လဲလှယ်တပ်ဆင်နိုင်ရန် အတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၂)  ခွဲရုံရှိ  33/11kV (10) MVA (Capital Power) ထရန်စဖော်မာ(Sr.No.11240)အား (၂၈.၆.၂၀၁၈ ) ရက်နေ့၊ နံနက် (၀၅:၀၀) နာရီ  အချိန်ခန့်တွင် ဝမ်းတွင်းမြို့သို့သယ်ယူရောက်ရှိခဲ့ပြီးထရန်စဖော်မာ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ(၁၄:၁၅)နာရီတွင် Float Charge ဖြင့် ဓာတ်အားပေးထားပြီး (၁၆:၃၅)နာရီအချိန်တွင်11kV Feederအားလုံး ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးလျှက် ရှိပါကြောင်းနှင့်ချို့ယွင်းသွားသော YTE ထရန်စဖော်မာ အား  ပြန်လည်ပြုပြင်နိုင်ရန်အတွက် YTE ကုမ္ပဏီသို့ အကြောင်းကြားပြီး ဖြစ်ပါကြောင်း သိရှိရပါသည်။