မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် 33/11kV, 5MVA ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ပြီးစီးခြင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ညောင်ရမ်းကျေးရွာအနီးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် 33/11kV, 5MVA ဓာတ်အားခွဲရုံအား  ဆောင်ရွက်ခဲ့ပါသည်။

33kV ဓာတ်အားလိုင်း(၆.၅)မိုင်အား သာစည် မြို့မဓာတ်အားခွဲရုံမှ ညောင်ရမ်းကျေးရွာအထိ တည်ဆောက်ခြင်းနှင့် ညောင်ရမ်းကျေးရွာတွင် 33/11kV, 5MVA ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါ၍ (၉.၁၀.၂၀၁၈)ရက်နေ့တွင် Test Lab ဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒု-အင်ဂျင်နီယာချုပ်၊ ဦးဉာဏ်စိုး ဦးစီး၍ ဓာတ်အားလွှတ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ (၉.၁၀.၂၀၁၈)ရက်နေ့ (၁၁:၂၅)နာရီတွင် Float Charge ဖြင့် 33/11kV, 5MVA ထရန်စဖော်မာသို့ ဓာတ်အားစတင်ရောက်ရှိပါသည်။