မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာရုံးတွင် စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများနှင့် စက်မှုဇုံကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းကိစ္စ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ စက်မှုဇုံရှိ 33/11kV,(5+5)MVA စက်မှုဇုံပိုင် ဓာတ်အားခွဲရုံမှ အမှတ်(၁) 5MVA ထရန်စဖော်မာ လောင်ကျွမ်းမှု့နှင့် ပတ်သက်၍ (၁၈.၁၀.၂၀၁၈)ရက်နေ့ (၁၀:၀၀)နာရီတွင် ခရိုင်လျှပ်စစ်မန်နေဂျာ ဦးနေဦး၊ ဒု-ခရိုင်လျှပ်စစ်မန်နေဂျာ၊ ဦးယုမော်တို့နှင့် စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ခရိုင်လျှပ်စစ်မန်နေဂျာရုံးတွင် လောင်ကျွမ်းသွားသော ထရန်စဖော်မာ ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စက်မှုဇုံအတွင်း ဓာတ်အားပေးသွားမည့် အခြေအနေများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။