မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက် လျှက်ရှိသော 33kV ဟံဇား-ဝမ်းတွင်းဓာတ်အားလိုင်း (၄)မိုင် အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းစစ်ဆေးခြင်း

 

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ ဦးနေဦးသည် (၁၆.၈.၂၀၁၈) နေ့တွင် ဝမ်းတွင်းမြို့နယ်ရှိ ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက် လျှက်ရှိသော 33kV ဟံဇား-ဝမ်းတွင်းဓာတ်အားလိုင်း (၄)မိုင် အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဝမ်းတွင်းဓာတ်အားခွဲရုံအဝင် (၁၅၅၀)ပေ အပိုင်းတွင် လူနေအိမ်များကြား ကျရောက်ပြီး Fair Way ကျဥ်းမြောင်းသဖြင့် 33kV SAC စနစ်ဖြင့် တည်ဆောက်ရမည့် အခြေအနေများအား တင်ဒါအောင်မြင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထို့နောက် ခရိုင်လျှပ်စစ်မန်နေဂျာသည် ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး စတိုလုပ်ငန်း စာရင်းဇယားများ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများ စစ်ဆေးခဲ့ပါသည်။