မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာ ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှိ ဝန်ထမ်းများအား “လျှပ်စစ်ဓာတ်အားခနှင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုမပြုလုပ်ရန်ကိစ္စ” နှင့် ပတ်သက်သည့် ညွှန်ကြားချက်အား ရှင်းလင်

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာဦးနေဦးသည် (၅.၁၀.၂၀၁၈)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့သွားရောက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ “လျှပ်စစ်ဓာတ်အားခနှင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုမပြုလုပ်ရန်ကိစ္စ” နှင့် ပတ်သက်သည့် ညွှန်ကြားချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။