ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ

မိတ္ထီလာခရိုင်လျှပ်စစ်မန်နေဂျာဦးနေဦးသည် (၅.၁၂.၂၀၁၈) ရက်နေ့နံက် (၁၀:၀၀) နာရီတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပါသည်။ ခရိုင်လျှပ်စစ်မန်နေဂျာသည် ဝန်ထမ်းများအား မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဝန်ထမ်းရေးရာညွှန်ကြားချက်များ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ညွှန်ကြားချက်များ ဖတ်ပြရှင်းလင်းခြင်း၊ ဝန်ထမ်းများ သတ်မှတ် Uniform များ စနစ်တကျ ဝတ်ဆင်ကြရေး၊ ရုံးတွင်းရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ကြရေး ပြောကြားခဲ့ပါသည်။