မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် 33/11kV, 5MVA ဓာတ်အားခွဲရုံ ဓာတ်အားလွှတ်ပြီးစီးခြင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းဘေး ဖလန်ကျင်းကျေးရွာအနီးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် 33/11kV, 5MVA ဓာတ်အားခွဲရုံအား  ဆောင်ရွက်ခဲ့ပါသည်။

33kV ဓာတ်အားလိုင်း(၇.၆)မိုင်အား သီးကုန်းဓာတ်အားခွဲရုံမှ ဖလန်ကျင်းကျေးရွာအထိ တည်ဆောက်ခြင်းနှင့် ဖလန်ကျင်းကျေးရွာတွင် 33/11kV, 5MVA ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါ၍ (၇.၁၀.၂၀၁၈)ရက်နေ့တွင် Test Lab ဌာန မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒု-အင်ဂျင်နီယာချုပ်၊ ဦးဉာဏ်စိုး ဦးစီး၍ ဓာတ်အားလွှတ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ (၇.၁၀.၂၀၁၈)ရက်နေ့ (၁၇:၄၅)နာရီတွင် Float Charge ဖြင့် 33/11kV, 5MVA ထရန်စဖော်မာသို့ ဓာတ်အားစတင်ရောက်ရှိပါသည်။