အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။                    ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းများအား တင်ဒါခေါ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

2-8(T)/MESC/2018-2019

အမရပူရမြို့နယ်စွယ်တော်တွင် ၃၃/၁၁ကေဗွီဓာတ်အားခွဲရုံအသစ်တည်ဆောက်ခြင်း(Turnkey)

(ခ)

2-9(T)/MESC/2018-2019

မိတ္ထီလာမြို့နယ်ညောင်မြင့်တွင် ၃၃/၁၁ကေဗွီဓာတ်အားခွဲရုံအသစ်တည်ဆောက်ခြင်း(Turnkey)

(ဂ)

4-2(T)/MESC/2018-2019

ချမ်းအေးသာစံမြို့နယ် ၃၃/၁၁ကေဗွီ(၂၀)အမ်ဗွီအေ ဝါခင်းကုန်း (၂)ခွဲရုံအသစ်တည်ဆောက်ခြင်း (မြို့ပြလုပ်ငန်းများ)

၂။                                အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို(၈.၁၁.၂၀၁၈)ရက်နေ့တွင်စတင်၍ရောင်းချမည်ဖြစ်ပြီး(၇.၁၂.၂၀၁၈)ရက်(၁၄:၀၀) နာရီတွင်တင်ဒါပိတ်မည် ဖြစ်ပါသည်။

၃။                               တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း -  ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁