၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။        ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်/ဝယ်ယူရေးအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည် -

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

1-5 (T) MESC/2017-2018

၃၃ ကေဗွီ (၂၀) အမ်ဗွီအေ ထရန်စဖော်မာ (၈) လုံး နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ထရန်စဖော်မာ (၁) လုံး ဝယ်ယူခြင်း

(ခ)

2-1 (T) MESC/2017-2018

နွားထိုးကြီး-ပြင်စည် ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၆) မိုင် တည်ဆောက်ခြင်း (Turnkey)

(ဂ)

2-2 (T) MESC/2017-2018

ပျော်ဘွယ်မြို့နယ်အတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၈.၅) မိုင် တည်ဆောက်ခြင်း (Turnkey)

(ဃ)

2-3 (T) MESC/2017-2018

သာစည်မြို့နယ်၊ ညောင်ရမ်းခွဲရုံ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၀) မိုင် တည်ဆောက်ခြင်း (Turnkey)

(င)

2-4 (T) MESC/2017-2018

သာစည်မြို့နယ် ညောင်ရမ်းတွင် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်း (Turnkey)

(စ)

2-5 (T) MESC/2017-2018

နွားထိုးကြီးမြို့နယ် ပြင်စည်တွင် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်း (Turnkey)

(ဆ)

2-6 (T) MESC/2017-2018

ပျော်ဘွယ်မြို့နယ် ရွှေညောင်ဖူးတွင် ၃၃/၁၁ ကေဗွီ (၃) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်း (Turnkey)

(ဇ)

2-7 (T) MESC/2017-2018

ရန်အောင်မြို့နယ် သဖန်းချောင်းတွင် ၃၃/၁၁ ကေဗွီ (၃) အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်း (Turnkey)

၂။         အိတ်ဖွင့်တင်ဒါပုံစံ နှင့် စည်းကမ်းချက်များကို (၂၆-၅-၂၀၁၇) ရက်နေ့တွင် စတင် ရောင်းချမည်ဖြစ်ပြီး (၂၆-၆-၂၀၁၇) ရက် (၁၃:၀၀) နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပါသည်။

၃။        တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံ အကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်း ဝယ်ယူနိုင်ပါသည်။

 

                                                                                        တင်ဒါကော်မတီ

                                                       မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

                                                      ၂၇ လမ်း၊ ၇၇x၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

                                                                               ဖုန်း - ၀၂-၆၉၁၂၁, ၀၂-၇၃၈၀၁