အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက် မည့် အောက်ဖော်ပြပါလုပ်ငန်းအား တင်ဒါခေါ်ယူလိုပါသည်-

စဉ်

  တင်ဒါ      အမှတ်

လုပ်ငန်းအမည်

2-20(T)

ရမည်းသင်းမြို့၊ ရမည်းသင်းခွဲရုံရှိ ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေထရန်စဖော်မာ အား (၂၀)အမ်ဗွီအေ ထရန်စဖော်မာဖြင့်အဆင့်မြှင့်တင်တပ်ဆင်ခြင်းလုပ်ငန်း

2-21(T)

စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်ခွဲရုံတွင် ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေထရန်စဖော်မာမှ (၂၀)အမ်ဗွီအေ ထရန်စဖော်မာသို့ တိုးမြှင့်တပ်ဆင်ခြင်းလုပ်ငန်း

2-22(T)

၃၃/၁၁ ကေဗွီ  ဟံဇားဓာတ်အားခွဲရုံသို့ သာစည်ပင်မဓာတ်အားခွဲရုံမှ ၃၃ကေဗွီ ဟံဇားဓာတ်အားလိုင်း (၁၂)မိုင် အား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း

2-23(T)

မလှိုင်မြို့နယ်အတွင်း ဓာတ်အားစနစ်တိုးတက်ကောင်းမွန်စေရေးအတွက် လိုအပ်

သော ၃၃ကေဗွီ မြင်းခြံ-တောင်သာ-မလှိုင်လိုင်း (မလှိုင်အပိုင်း) (၁၃.၈)မိုင် အဆင့်

မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း

2-24(T)

မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးဓာတ်အားခွဲရုံအထိ ၃၃ကေဗွီ မြင်းခြံ-နွားထိုး ကြီး ဓာတ်အားလိုင်း (၂၀)မိုင်အား အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း

2-25(T)

မတ္တရာမြို့နယ်၊ လွန်ကောင်းကျေးရွာမှ မတ္တရာမြို့အထိ ၃၃ကေဗွီ ဓာတ်အားလိုင်း

(၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်း

2-26(T)

ရမည်းသင်းမှ ပျော်ဘွယ်သို့ ၆၆ကေဗွီ ဓာတ်အားလိုင်း (၁၄)မိုင် တည်ဆောက်ခြင်း လုပ်ငန်း

2-28(T)

၃၃/၁၁ ကေဗွီ ထွန်တုံးဓာတ်အားခွဲရုံတွင် (၁၀)အမ်ဗွီအေမှ (၂၀)အမ်ဗွီအေ ထရန်စဖော်မာ သို့အစားထိုးတပ်ဆင်ခြင်းလုပ်ငန်း

2-29(T)

၃၃/၁၁ ကေဗွီ ၆၅ဓာတ်အားခွဲရုံတွင် (၁၀)အမ်ဗွီအေမှ (၂၀)အမ်ဗွီအေ ထရန်စဖော်မာ သို့ အစားထိုးတပ်ဆင်ခြင်းလုပ်ငန်း

၁၀

2-30(T)

၃၃/၁၁ ကေဗွီ တိုက်တော်ဓာတ်အားခွဲရုံတွင် (၁၀)အမ်ဗွီအေမှ (၂၀)အမ်ဗွီအေ ထရန် စဖော်မာ သို့အစားထိုးတပ်ဆင်ခြင်းလုပ်ငန်း

၁၁

2-31(T)

၃၃/၁၁ ကေဗွီ ဝါခင်းကုန်းဓာတ်အားခွဲရုံတွင် (၁၀)အမ်ဗွီအေမှ (၂၀)အမ်ဗွီအေ ထရန် စဖော်မာသို့အစားထိုးတပ်ဆင်ခြင်း

၂။            အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၂၂.၉.၂၀၂၀) ရက်နေ့တွင် စတင်၍ ရောင်းချ မည်ဖြစ်ပြီး (၂၁.၁၀.၂၀၂၀) ရက် (၁၄:၀၀) နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ တင်ဒါပုံစံနှင့် အချက် အလက်များကို Web Portal (www.moee.gov.mm)၌ အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

တင်ဒါကော်မတီ

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)

၂၇လမ်း၊ ၇၇× ၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ဖုန်း -၀၂-၄၀၆၉၁၂၁