ဓာတ်လိုက်မှုအန္တရာယ်ကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရန် အချက်များ

(က) အိမ်သုံးလျှစ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္တာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွင်ခြင်းမပြုရပါ။

(ခ) ဓာတ်လိုက်နေသူကို မဆွဲပါနှင့်၊ ဓာတ်မလိုက်နိုင်သော ပစ္စည်းတစ်ခုခုဖြင့် တွန်းထုတ်ခြင်း ဖယ်ရှားခြင်း ပြုလုပ်ရပါမည်။ (ဥပမာ - ခြောက်သွေ့သော  ဝါးလုံး၊ သစ်သားချောင်း)

(ဂ) ရုံးခန်း၊ စျေးဆိုင်များမှ ပြန်ချိန်များ၊ အိမ်ပိတ်ပြီး အပြင်သွားချိန်များတွင် မီးခလုတ်များနှင့် မိန်းခလုတ်များကို ပိတ်ခဲ့ရန် မမေ့ပါနဲ့။

(ဃ) လျှစ်စစ်အန္တရာယ်တွေ့ရှိပါက အများသူငါ အန္တရာယ်ကင်းစေရေးအတွက် နီးစပ်ရာလျှစ်စစ်ရုံး (သို့မဟုတ်) လျှစ်စစ်ကျွမ်းကျင်သူသို့ သတင်းပို့ပေးပါ။