အငယ်တန်းအင်ဂျင်နီယာ(၂) (၅၁) ဦး ခေါ်ယူခြင်း

                                                         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

                                                                လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

                                                   မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

                                                           မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့

                                                                   လျှောက်လွှာခေါ်ယူခြင်း

                                                            ကြော်ငြာစာအမှတ် ( ၁၄၆/ ၂၀၁၇ )

                                                        ၂၀၁၇ ခုနှစ် ၊ အောက်တိုဘာလ ( ၃ )ရက်

၁။           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တန်း အငယ်တန်း အင်ဂျင်နီယာ-၂ ရာထူး(၅၁)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ များ လျှောက်ထားနိုင်ပါသည် -

စဉ်

ခန့်ထားမည့်ရာထူး

ပညာအရည်အချင်း

ခန့်ထားမည့်ဦးရေ

(က)

အငယ်တန်း

အင်ဂျင်နီယာ-၂

ME/BE/B.Tech/AGTI

(Electrical Power)

(အမျိုးသား

အမျိုးသမီး

(၃၂)ဦးနှင့်

(၇)ဦး)

(ခ)

အငယ်တန်း

အင်ဂျင်နီယာ-၂

ME/BE/B.Tech/AGTI

(Electronic)

(အမျိုးသား

အမျိုးသမီး

(၄)ဦးနှင့်

(၂)ဦး)

(ဂ)

အငယ်တန်း

အင်ဂျင်နီယာ-၂

ME/BE/B.Tech/AGTI

(Mechanical Power/Mechatronics)

(အမျိုးသား

အမျိုးသမီး

(၅)ဦးနှင့်

(၁)ဦး)

၂။           လျှောက်ထားသူသည် -

              (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

              (ခ)     (၉.၁၁.၂၀၁၇)ရက်နေ့တွင် အသက်(၃၀)နှစ် ၊ ME ဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်ရ ၊ ဝန်ထမ်းဖြစ်ပါကအသက်(၄၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

              (ဂ)     ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်။

              (ဃ)    မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတစ်ခုတွင် မှတ်ပုံတင်ထားသူဖြစ်ရမည်။

              (င)     မန္တလေးတိုင်းဒေသကြီးအတွင်း နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။

၃။           လျှောက်ထားသူများမှ စာမေးပွဲ ဝင်ကြေးငွေကျပ်(၁၀၀၀)(ကျပ် တစ်ထောင်တိတိ)ကို မန္တလေး ၊ မြန်မာ့စီးပွားရေးဘဏ်(၁)ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ငွေစာရင်း အမှတ် (CF-001781)သို့ ပေးသွင်းရမည် ဖြစ်ပါသည်။

၄။           လျှောက်လွှာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မန္တလေးမြို့ ၊ ၂၇လမ်း ၊ ၇၇x၇၈လမ်း ကြားရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) ၊ စီမံခန့်ခွဲရေးဌာနတွင် ငွေသွင်း ချလံမူရင်းပြ၍ လျှောက်လွှာရယူ လျှောက်ထားနိုင်ပြီး (၉.၁၁.၂၀၁၇)ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့် ဖြစ်စေပေးပို့ လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန် ပေးပို့လာသော လျှောက်လွှာ များကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၅။           လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲပေးပို့ရမည် ဖြစ်ပါသည် -

              (က)    ဝင်ကြေးငွေပေးသွင်းသည့် ချလံ မူရင်း။

              (ခ)     ဘွဲ့လက်မှတ်/ဒီပလိုမာအောင်လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေး ထိုးရန်)။

              (ဂ)     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (သို့မဟုတ်) အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ် ရေးထိုးရန်)။

              (ဃ)    နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(သို့မဟုတ်)အမျိုးသားမှတ်ပုံတင်မိတ္တူ။

              (င)     လွန်ခဲ့သော ခြောက်လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ်ဓာတ်ပုံအပို(၂)ပုံ။

                        (ဓာတ်ပုံကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးသားရန်)

              (စ)     နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြန်တမ်းဝင်အရာရှိ တစ်ဦး၏ ထောက်ခံချက် မူရင်း။

              (ဆ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကဒ်ပြားမိတ္တူနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက် နှင့် ရဲစခန်းထောက်ခံချက်။

              (ဇ)     မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ခန့်ထားခြင်းခံရပါက မန္တလေး တိုင်းဒေသကြီးအတွင်း ဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်ပါမည်ဟု ကတိ ဝန်ခံချက်။

၆။           နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန ၊ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရယူပြီး မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ၂၇လမ်း ၊ ၇၇x၇၈လမ်း ကြားရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း(ရုံးချုပ်) ၊  စီမံခန့်ခွဲရေးဌာနသို့  (၉.၁၁.၂၀၁၇)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါ သည်။

၇။           ရေးဖြေစာမေးပွဲကိုမန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး(၂၅.၁၁.၂၀၁၇) ရက်နေ့ နံနက်(၀၉း၀၀)နာရီတွင် အင်္ဂလိပ်စာဘာသာရပ်(၂)နာရီ မေးခွန်းကိုလည်းကောင်း ၊ နေ့လည် (၁၃း၀၀)နာရီတွင် အင်ဂျင်နီယာဘာသာရပ် (၂)နာရီမေးခွန်းကို လည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ အောင်မြင်သူများအား သတင်းစာမှ ထပ်မံကြော်ငြာပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးမှု ပြုလုပ် ရွေးချယ်ခန့်ထားမည် ဖြစ်ပါသည်။

၈။           စာမေးပွဲကျင်းပပြုလုပ်မည့် နေ့ရက်/အချိန်နှင့် နေရာများကို (၁၇.၁၁.၂၀၁၇)ရက်နေ့၌ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ ရုံးချုပ် ၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့် မြို့နယ် လျှပ်စစ်မန်နေဂျာရုံး အသီးသီးတွင် ကြေငြာပေးမည်ဖြစ်သည်။

၉။           စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ စီမံ ခန့်ခွဲရေးဌာနတွင် (၂၂.၁၁.၂၀၁၇)ရက်နေ့မှ(၂၄.၁၁.၂၀၁၇)ရက်နေ့အထိ ထုတ်ပေးမည် ဖြစ်ပါသည်။

၁၀။         ရွေးချယ်ခြင်းခံရပါက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် အနည်းဆုံး (၅)နှစ် အဆက်မပြတ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဝန်ခံကတိချုပ်ဆိုရမည် ဖြစ်သည်။ စာချုပ်စည်းကမ်း ဖောက်ဖျက်ပါက ငွေကျပ်(၁,၀၀၀,၀၀၀) (ကျပ် တစ်ဆယ်သိန်းတိတိ) ကိုပေးလျော်ရ မည် ဖြစ်ပါသည်။  

၁၁။         အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၁၂။         အသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း ၂၇လမ်း ၊ ၇၇x၇၈လမ်းကြားသို့ လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်းအမှတ် ၊ ၀၂-၇၃၅၁၇သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း Website www.mescmm.com တွင် ကြည့်ရှုနိုင်ပါသည်။

                                                                                                    မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း