ကျောက်ဆည်ခရိုင်အတွင်း အင်ဂျင်နီယာလုပ်ငန်းခွင် ကျွမ်းကျင်မှုမွမ်းမံသင်တန်း

ကျောက်ဆည်ခရိုင်အတွင်း အင်ဂျင်နီယာလုပ်ငန်းခွင် ကျွမ်းကျင်မှုမွမ်းမံသင်တန်း

ကျောက်ဆည်   ဇူလိုင်  ၄

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ကြီးကြပ်မှုနှင့် ကျောက်ဆည် ခရိုင်လျှပ်စစ် မန်နေဂျာရုံး၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းခွင် ကျွမ်းကျင်မှုမွမ်းမံ သင်တန်းအမှတ်စဉ် (၂/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ(၂)ရက်နေ့ ညနေ(၁၅;၃၀) အချိန်တွင် ကျောက်ဆည်မြို့ ငှက္ကတောင် ဓာတ်အားခွဲရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပြီး သင်တန်းဆင်းလက်မှတ်နှင့် ဆုရရှိသူများအား ခရိုင်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သင်တန်းနည်းပြနှင့် တာ၀န်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်အတွင်းမှ မြို့နယ်ရုံးနှင့် ဓာတ်အားခွဲရုံ အသီးသီးမှ အင်ဂျင်နီယာ လိုင်း၀န်ထမ်းများ၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် စွန်ရဲ တပ်နယ်မှ စုစုပေါင်းသင်တန်းသား(၂၈)ဦး တက်ရောက်ပြီးဆုံးကာ သင်တန်းကာလမှာ တစ်ပတ်ကြာမြင့်ပြီး ဓာတ်အားလိုင်းများ ၊ ထရန်စဖော်မာနှင့် ခွဲရုံများ တည်ဆောက်တပ်ဆင် မောင်းနှင်ထိန်းသိမ်းခြင်း ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးနှင့် ယူနစ်ပျောက်ဆုံးမှု လျော့ချရေး သင်ခန်းစာများအား ဆွေးနွေးပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သင်တန်းနည်းပြ၊ သင်တန်းသား/သင်တန်းသူများ၏ မှတ်တမ်းဓာတ်ပုံ

 

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဌနှင့်အဖွဲ့ ရောက်ရှိ စစ်ဆေးလမ်းညွှန်စဉ်