ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးမေတ္တာရပ်ခံခြင်း

ကျောက်ဆည် စက်တင်ဘာ လ  ၂၁
ကျောက်ဆည်ခရိုင်အတွင်း (၂၂.၉.၂၀၁၈) ရက်နေ့ စနေတွင် အင်းကုန်းပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသော ၃၃ကေဗွီ အင်းကုန်း-မြစ်သား ဓာတ်အားလိုင်းအား (ကျောက်ဆည်အပိုင်း)၊ ၄.၆မိုင် အသစ်တည်ဆောက်ရာတွင် ၃၃ကေဗွီ အင်းကုန်း-မြစ်သားဓာတ်အားလိုင်းနှင့် မလွတ်ကင်းသဖြင့် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ရာ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်(တောင်ဘက်ခြမ်း)  (၀၉:၀၀)နာရီမှ (၁၄:၀၀) နာရီထိ ဓာတ်အားပြတ်တောက် မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။