ယာဉ်မောင်းသူများစကားဝိုင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)တွင် ကျင်းပခြင်း

မန္တလေး     စက်တင်ဘာ    ၇

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)တွင် ယနေ့နံနက်(၁၀)နာရီ၌ ယာဉ်မောင်းသူများစကားဝိုင်းကို ကျင်းပခဲ့သည်။

ယာဉ်မောင်းသူများစကားဝိုင်းတွင် စက်တင်ဘာလ  ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ သိပ္ပံစာရေးဆရာကိုကိုအောင်၏“အိပ်ငိုက်တာကတစ်ခဏ ပေးဆပ်လိုက်ရမှာက တစ်ဘဝ” ဆောင်ပါးကို အလှည့်ကျ ဖတ်ကြားခဲ့ပြီး၊ တက်ရောက်လာသည့် ယာဉ်မောင်းဝန်ထမ်းများက ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ယာဉ်မောင်းနေစဉ် အိပ်ငိုက်ခဲ့ရသည့် ဖြစ်ရပ်မှန် အတွေ့အကြုံများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါယာဉ်မောင်းသူများစကားဝိုင်းသို့ ဦးမြင့်လွင်၊ဒုတိယအထွေထွေမန်နေဂျာ(စီမံ)၊ ဦးဆန်းဌေး၊ လက်ထောက်အထွေထွေမန်နေဂျာ(စီမံ) ၊ ဦးသိန်းလင်းဦး၊ လက်ထောက်မန်နေဂျာ(စီမံ) နှင့် ယာဉ်မောင်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး (၁၁)နာရီတွင် စကားဝိုင်းရုပ်သိမ်းခဲ့သည်။