တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၅၀% မီးလင်းပေးနိုင်သည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၁။      တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၅၀% မီးလင်းပေးနိုင်သည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅.၁၁.၂၀၁၉) ရက်နေ့ (သောကြာနေ့)၊ နံနက် (၀၉:၀၀) နာရီတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) (မန္တလေး)၌ ကျင်းပရာ ဒါရိုက်တာအဖွဲ့ဝင်-၁၊ ဉီးအောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

၂။       အခမ်းအနားသို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ  ဒါရိုက်တာအဖွဲ့ဝင်-၁၊ အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ ကျန်အရာထမ်းများ၊ ခရိုင်/မြို့နယ်များမှ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ဒု-ခရိုင်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြပါသည်။

၃။      အခမ်းအနားတွင် 33/11kV, 20MVA (GIS) ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၅၀% မီးလင်းပေးနိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် 33/11kV, 20MVA (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စီမံချက်ပါ ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၃:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။