Online တွင် အိမ်သုံးမီတာ ၊ ပါဝါမီတာ၊ ထရန်စဖော်မာ လျှောက်ထားနိုင်ရန် Software Program သုံးစွဲနည်းနှင့် Administration Training ပို့ချခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Web Portal (www.moee.gov.mm)မှ တစ်ဆင့် Online တွင် အိမ်သုံးမီတာ ၊ ပါဝါမီတာ ၊ ထရန်စဖော်မာ လျှောက်ထားခြင်းကို ပြည်သူများသို့ Semi Auto အဆင့်ဖြင့် စတင်ဝန်ဆောင်မှုပေးနိုင်ရန် မန္တလေးခရိုင်၊ အောင်မြေသာစံ ၊ ချမ်းအေးသာစံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် မြို့နယ်တို့တွင် Pilot Project အဖြစ် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် Online တွင် အိမ်သုံးမီတာ ၊ ပါဝါမီတာ ၊ ထရန်စဖော်မာ လျှောက်ထားခြင်းတွင် ရေးဆွဲထားသော Software Program သုံးစွဲနည်းနှင့် Administration Training ကို ဓာတ်အားဖြန့်ဖြူးရေးဌာန၊ မန္တလေးခရိုင်လျှပ်စစ်မန်နေဂျာရုံး၊ အောင်မြေသာစံ ၊ ချမ်းအေးသာစံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး တို့မှ အရာထမ်း၊ အမှုထမ်းများကို Software ရေးသားခဲ့သော Dragon Emperor Trading Co.,Ltd မှ တာဝန်ရှိသူများက သင်ကြားပေးခဲ့ပါသည်။

မကြာမီကာလတွင် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ ၊ ချမ်းအေးသာစံ ၊ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် မြို့နယ်များတွင် နေထိုင်ကြသော ပြည်သူလူထုမှ အချိန်တိုအတွင်း Online တွင် အိမ်သုံးမီတာ ၊ ပါဝါမီတာ ၊ ထရန်စဖော်မာများကို Semi Auto စနစ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။