မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပဉ္စမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်အခမ်းအနားကျင်းပခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဌာန ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ၂၀၁၉ ခုနှစ် ပဉ္စမအကြိမ် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို (၆.၁၁.၂၀၁၉)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် ကျင်းပခဲ့ပါသည်။

          အခမ်းအနားကိုဆုတောင်းပြည့်ဘုရား ဆရာတော်ဦးသုစိတ္တက ကြွရောက်ချီးမြှင့်ပြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဉီးဇာနည်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးအောင်ကြည်၊  ဒါရိုက်တာအဖွဲ့ဝင်(၁) နှင့် ဌာန အကြီးအကဲများ ၊ အရာထမ်း ၊ အမှုထမ်း အင်အား (၁၀၀)ကျော်ခန့် တက်ရောက်ကြည်ညို၍ ကထိန်လျာ သင်္ကန်း ၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

          ထိုနောက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကထိန်အလှူတော်တရား နာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

          အခမ်းအနားအပြီးတွင် ဆရာတော်အမှူးပြုသော သံဃာတော်(၁၀)ပါးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး တက်ရောက်လာကြသော ဧည့်သည်တော်များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါ သည်။

          ယနေ့ကျင်းပသည့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကထိန်သင်္ကန်း(၈၃)စုံ၊တန်ဖိုးငွေကျပ်(၁,၇၆၆,၇၀၀/-)၊အခြားပစ္စည်း (၂၂၄) ခု ၊ တန်ဖိုးငွေကျပ်(၂၇၆၄၁၀၀/-)နှင့် ငွေသားတန်ဖိုး ငွေကျပ်(၂,၆၂၈,၀၀၀/-) ၊ စုစုပေါင်း ငွေကျပ် (၇,၁၅၈,၈၀၀/-) လှူဒါန်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။