(၁၁.၉.၂၀၁၉)ရက်နေ့နှင့် (၁၂.၉.၂၀၁၉) ရက်နေ့တို့တွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေ ရေးတို့အတွက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများတွင် (၁၁.၉.၂၀၁၉)ရက် ဗုဒ္ဓဟူးနေ့နှင့် (၁၂.၉.၂၀၁၉) ရက် ကြာသပတေးနေ့တို့၌ ဓာတ်အားပိတ် လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ ဧရိယာများတွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်-

(၁၁.၉.၂၀၁၉) ဗုဒ္ဓဟူးနေ့တွင် ရမည်းသင်းခရိုင်အတွင်း၌

(၁)     ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ

(၁၂.၉.၂၀၁၉)ရက်၊ ကြာသပတေးနေ့တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်အတွင်း၌

­

(၁)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက်တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၂)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအရှေ့/အနောက်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ /အနောက်၊  အောင်နန်းရိပ်သာအနောက်ရပ်ကွက် တို့တွင် နံနက် (၉) နာရီမှ ညနေ (၃)နာရီထိ

(၃)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ရဲမွန်တောင်ရပ်ကွက်တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၄)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာ/အနောက်ရပ်ကွက်နှင့် ရတနာအရှေ့ ရပ်ကွက် တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၅)    မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ် (၃) (၄) (၅)ရပ်ကွက်နှင့် ကံသာယာရပ်ကွက် တို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၆)    မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်း၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (က) (ခ) (ဂ) (ဃ) (င) (စ) ရပ်ကွက်နှင့် အချို့နေရာများတွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၇)     ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဆက်သွယ်ရေး၊ မြောက်ပိုင်းအိမ်ရာနှင့် စည်ပင်ရေစက် တို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၈)    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်မြို့တောင်ဘက်ခြမ်း၊  မြစ်သားမြို့နယ် နှင့် ရွာပုန်ကြီးကျေးရွာတို့တွင် နံနက် (၉) နာရီမှ ညနေ (၀၄:၃၀) နာရီထိ

(၉)    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ

(၁၀)  မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေကြောင်းအတတ်သင်စခန်းနှင့် ကျေးရွာအချို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၁၁)  မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ နန်းတော်ကုန်းရပ်ကွက်၊ ပေါက်ချောင်းရပ်ကွက်၊ ကျောက်ဖူး ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ချမ်းအေးရပ်ကွက်၊ သီးကုန်းနှင့် ကျေးရွာများတွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၁၂)   မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ             

(၁၃)  မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ အမှတ် (၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၉၊ ရွာစည်၊ ပျော်ခင်းသာ၊ ရှားတော တို့တွင် နံနက် (၈) နာရီမှ နေ့လည် (၂) နာရီထိ

(၁၄)  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မလှိုင်မြို့နယ်၊ မြင်းခြံမြို့နယ်ရှိကျေးရွာများ၊နှင့် တို့တွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီထိ

(၁၅)  ညောင်ဦးခရိုင်၊ ပုဂံမြို့နယ်ရှိ ပုဂံမြို့မြောက်ဘက်ခြမ်း၊ နရသိင်္ဃ၊ သိင်္ဃ၊ နတ်ကြို့အိုင်၊ သူဌေးကန်၊ ဖွားစော၊ မင်းနန်သူတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၁၆)  ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး၊ တမ္ပဝတီရပ်ကွက်၊ တမ္ပဝတီ ဈေးသစ်၊ သာယာအေးရပ်ကွက်၊ မြို့နယ်ရဲစခန်း၊ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်၊ စက်မှု လက်မှုသိပ္ပံ၊ စက်မှုလယ်ယာ၊ ဆည်ပေါက်ရွာ၊ ပုပ္ပါးတောင်ကလပ်၊ ပုပ္ပါးတောင်မကြီး၊ MRTV နှင့် Popa Resortတို့တွင် နံနက် (၉) နာရီမှ နေ့လည် (၂) နာရီထိ

(၁၇)  ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် နံနက် (၉) နာရီမှ နေ့လည် (၁) နာရီထိ