(၁၇.၉.၂၀၁၉)ရက်နေ့နှင့် (၁၉.၉.၂၀၁၉) ရက်နေ့တို့တွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံခိုင်မှုရှိစေရေးနှင့် အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး တို့အတွက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများတွင် (၁၇.၉.၂၀၁၉)ရက် အင်္ဂါနေ့နှင့် (၁၉.၉.၂၀၁၉) ရက် ကြာသပတေးနေ့တို့၌ ဓာတ်အားပိတ် လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ ဧရိယာများတွင် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်-

၁။      (၁၇.၉.၂၀၁၉) ရက်၊ အင်္ဂါနေ့တွင် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ညောင်ဦးခရိုင်များအတွင်း၌

(၁)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ ပြည်ကြီးရန်လုံ၊ မင်းတဲအီကင်း၊ ပုလဲငွေရောင်၊ မေဃဂီရိ၊ အောင်မြေသာစံရပ်ကွက် တို့တွင် နံနက်(၉) နာရီမှ နေ့လည် (၂)နာရီထိ

(၂)      မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်း၊ ဇေယျာဘုံရပ်ကွက်များတွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၃)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအရှေ့/နောက်၊ ပြည်ကြီးပျော်ဘွယ် အရှေ့/နောက်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်များ တွင် နံနက်(၉)နာရီမှ နေ့လည် (၃) နာရီထိ

(၄)     မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ ပြည်ကြီးပျော်ဘွယ်၊ ရန်မျိုးလုံ၊ မောရဂီဝါ၊ ကဉ္ဇနမဟီ ရပ်ကွက်များတွင် နံနက်(၉)နာရီမှ နေ့လည်(၂) နာရီထိ

(၅)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ရဲမွန်တောင်ရပ်ကွက်တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၆)     မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ယာ တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၇)     မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ကျွန်းလုံးဉသျှောင်ရပ်ကွက်တွင် နံနက်(၉) နာရီမှ နေ့လည်(၂)နာရီထိ

(၈)     မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ခ)၊(ဂ)၊(ဆ)၊(ဇ)၊ ထိန်ကုန်း၊ ငွေတော် ကျီကုန်း၊ တောင်မြင့်၊ တံခွန်တိုင်၊ ရဲဘော်ကွက်သစ်ရပ်ကွက် တို့တွင် နံနက်(၉)နာရီမှ နေ့လည် (၂)နာရီထိ

(၉)     မန္တလေးခရိုင်၊ အမရပူရမြို့နယ်ရှိ စွယ်တော်ဘုရား၊ ပွဲရုံတန်း၊ ပြည်ကြီးမင်္ဂလာ ကားကြီးကွင်း၊ မြစ်လောင်းရပ်၊ ဝဝ ရပ်ကွက်၊ တပ်မတော် သွပ်ပြားစက်ရုံ၊ ပလစ စစ်တပ်၊ ပြည်လုံးကျော်၊ ဖျောက်ဆိပ်ကုန်း၊ ရှားတောလေး၊ နတ်ရေကန်၊ ဆောက်တောဝကျေးရွာတို့တွင် နေ့လည်(၉)နာရီမှ နေ့လည် (၂)နာရီထိ

(၁၀)   ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ရပ်ကွက်ကြီး(၈၊ ၁၀၊ ၁၂)တို့တွင် နံနက်(၉) နာရီမှ နေ့လည်(၃)နာရီထိ

(၁၁)   ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအချို့ တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၁၂)    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တောင်ဘက်ခြမ်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ရပ်ကွက်များ၊ ကျေးရွာများ၊ ကျောင်းများတို့တွင် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီထိ

(၁၃)   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ တောင်ဘက်ခြမ်း ကျေးရွာတို့တွင် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီထိ

(၁၄)   ညောင်ဦးခရိုင်၊ ပုဂံမြို့နယ်ရှိ သီရိပစ္စယာရပ်ကွက်၊ မြင်းကပါ၊ မြို့ဟောင်း၊ သိုက်တိုင်၊ ခန်းလောင်းရပ်ကွက်တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၁၅)   ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အစိုးရရုံးများ၊ မြို့နယ်ထွေအုပ်ရုံး၊ ဘူတာ ရပ်ကွက်၊  ပြည်သူ့ဆေးရုံ၊  အောင်မင်္ဂလာရပ်ကွက်၊  သီရိမင်္ဂလာရပ်ကွက်၊  မြန်မာစီးပွား ရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ တိုးဂိတ်၊ တမ္ပဝတီရပ်ကွက်၊ အထက(၂)၊ ဈေးဟောင်း၊ မြို့မရပ်ကွက်၊ တောင်မြို့ ရပ်ကွက်၊ ရုပ်ရှင်ရုံ၊ ဓာတ်သတ္တုရုံး၊ ကျေးလက်ဒေသဖွံဖြိုးရေးရုံး၊ မြို့နယ်အခွန်ရုံး၊ ဘူတာကြီး၊ ပိန္နဲတောကျေးရွာနှင့် ချောက်-ကျောက်ပန်းတောင်း လမ်းဘေးရှိ ကျေးရွာအချို့တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

 

၂။       (၁၉.၇.၂၀၁၉) ရက်၊ ကြာသပတေးတွင် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦးခရိုင်များအတွင်း၌

(၁)     မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက်တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၂)      မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်ရှိ ပြည်ကြီးပျော်ဘွယ်အရှေ့၊ သီရိဟေမာအရှေ့၊ အောင်နန်းအနောက် ၊ ချမ်းအေးသာစံအနောက် ရပ်ကွက်တို့တွင် နံနက်(၉)နာရီမှ နေ့လည် (၃) နာရီထိ

(၃)     မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်ရှိ စင်္ကြာနွယ်စဉ်၊ မဟာနွယ်စဉ်၊ ရွှေဘုန်းရှိန်၊ ဟေ/မြောက်၊ ဟေ/တောင်၊ တက္ကသိုလ်၊ ဗောဓိကုန်း၊ မဟာမြိုင်(၁)၊ အကွက်(၉၀၂)၊ ချမ်း/မြောက်၊ မဟာ/ရှေ့၊ မဟာ/နောက်၊ သီတာအေး၊ တောင်ပြင်ထီးလင်းတိုက်၊ ဘုရားကြီး ကျောင်းတိုက်၊ ညောင်ကန်တိုက်၊ အာနန္ဒာဘုရားဝန်း၊ ချမ်းမြဝတီ ရေတွန်းစက်၊ မန္တလေးသတင်းစာတိုက်တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၄)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ရဲမွန်တောင်ရပ်ကွက်တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၅)     မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင်(၁)၊ (၂)၊ တက္ကသိုလ်၊ ဗောဓိကုန်း ရပ်ကွက်တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၆)     မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ သံဃာ့ဆေးရုံနှင့် လပ်ကီးသောက်ရေသန့် လုပ်ငန်းတို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၇)     မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)ရပ်ကွက်များ၊ သင်ပန်းကုန်း၊ ငွေတော်ကျီကုန်းရပ်ကွက်နှင့် စက်မှုဇုံ အချို့နေရာများတို့တွင် နံနက်(၉) နာရီမှ နေ့လည်(၂)နာရီထိ

(၈)     မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ မြို့မ၊ နှမ်းကြဲ၊ ရေထွက်၊ ဆင်ဘို့ကြီး၊ ခလရ(၇၄)၊ ခမရ(၁၁၆)၊(၁၁၉)၊ ဌာနဆိုင်ရာများ၊ ဘာသာ သာသနာ များနှင့် ပုဂ္ဂလိကထရန်စဖော်မာ တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၉)     ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်ဆေးရုံ၊ စစ်တက္ကသိုလ်၊ တအခ၊ တအယ၊ တနတ၊ ရပ်ကွက်ကြီး(၃၊ ၇၊ ၁၁၊ ၁၉၊ ၂၀၊ ၂၁)၊ နောင်ခမ်းကြီး၊ ဆင်လမ်း၊ ဆင်ဖြူအင်း၊ အုတ်ဖို၊ ရွာသာယာ၊ ပန်းဦးတောင်၊ မိုးကြိုး၊ သာယာကုန်း၊ သိမ်အင်း၊ တောင်ဂေါ်ရခါး၊ သက္ကံချိုင်း၊ ညောင်ကုန်း၊ မျှော့တော၊ သဲဖြူချောင်း၊ တောင်ပြို၊ ထုံးကုန်း၊ ကုန်းဘော၊ ပင်လိန်၊ သပြေရေ၊ ဆေးတလုံး၊ တောင်ကြီးကျေးရွာတို့တွင် နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ

(၁၀)   ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်၊ ရပ်ကွက်(၁၊ ၂)၊ လက်ပန်လှအုပ်စု၊ ခူလယ်အုပ်စု၊ ဝါးရုံကုန်းအုပ်စု၊ ရေတော်အုပ်စု၊ ထုံးကြီး အုပ်စု၊ ရွှေဂုဏ်တိုင်အုပ်စု၊ ညောင်ပင် အုပ်စု၊ ရွာတော်လေးအုပ်စု၊ မင်းအုပ်စု၊ ခတက်ချဉ်စိုက်ကွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့နယ်ခွဲ တို့တွင် နံနက်(၉)နာရီမှ နေ့လည် (၂)နာရီထိ

(၁၁)   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တောင်ဘက်ခြမ်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ရပ်ကွက်များ၊ ကျေးရွာများ၊ ကျောင်းများတို့တွင် နံနက်(၉) နာရီမှ ညနေ(၄:၃၀)နာရီထိ

(၁၂)    ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်မြို့ အရှေ့ဘက်ရပ်ကွက် များ၊ ကျောက်ဆည်တောင်ပေါ်ရှိ ဘုရားများ၊ ကျေးရွာများတို့ တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၁၃)   မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်ရှိ အမှတ်(၁၊ ၃၊ ၅၊ ၆၊ ၇)ရပ်ကွက်များ၊ မင်းလှ၊ ဇီးပင်ပေါက်၊ နှမ်းကန်နှင့် ရွာမွန်သာကျေးရွာများတို့တွင် နံနက်(၉) နာရီမှ နေ့လည် (၁၂)နာရီထိ

(၁၄)   မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၄၊ ၇၊ ၁၇၊ ၁၈)ရပ်ကွက်များ၊ အေးကျင်၊ ချောင်းဒေါင်း၊ ဒိုဘီကုန်း ကျေးရွာတို့တွင် နံနက်(၈)နာရီမှ နေ့လည်(၂)နာရီထိ

(၁၅)   မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ မလှိုင်မြို့နယ် တို့တွင် နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ

(၁၆)   ညောင်ဦးခရိုင်၊ ပုဂံမြို့နယ်ရှိ အိမ်တော်ပြတိုက်၊ ဆာကူရာ၊ ဂန့်ဂါ၊ ပုဂံ၊ သံတဲ၊ ကျေးရွာ များတို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ

(၁၇)   ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စီပေါက်ကန်၊ တွင်းဖြူ၊ တောင်ခြေ၊ ရွာလတ်၊ စမ်းတွင်းကြီး၊ ဂူကျောင်း၊ ကျောက်ကပ်ဆေးရုံ၊ ကောင်းတည်တောင်၊ GOTA Station ၊ မြို့ဦးစေတီ၊ အောင်မင်္ဂလာရပ်ကွက်အရှေ့ပိုင်း၊ ရေထွက်(တ+မ)၊ ဓာတ်ဆီ ဆိုင်အချို့၊ ဟိုတယ်အချို့၊ မြတ်နိုးသူတိုးဂိတ်၊ စည်ပင်စက်ရေတွင်း၊ အင်တော၊ အင်တောကျယ်၊ ပြည့်ဝကျေးရွာ၊ မကျီးတိုင်ကျေးရွာ၊ စမ်းပွင့်ကျေးရွာနှင့် ကျေးရွာအချို့ တို့တွင် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီထိ