၂၀.၉.၂၀၁၉ ရက်၊ သောကြာနေ့တွင် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ကြိုတင်အသိပေးခြင်း

၁။      လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (အုန်းတော)မှ တာဝန်ယူထိန်းသိမ်းလျက်ရှိသော ၁၃၂ ကေဗွီ ဘဲလင်း-တံခွန်တိုင် ဓာတ်အား လိုင်း၏ တိုင်အမှတ် (၅၁၊ ၅၂) (Suspension)တိုင်နှင့် တိုင်အမှတ် (၅၃) (Tension) တိုင်တို့ရှိ ကြွေသီးတွဲများ အစားထိုး လဲလှယ်ခြင်းလုပ်ငန်းအား (၂၀.၉.၂၀၁၉) ရက်နေ့၊ သောကြာနေ့၊ နံနက် (၀၉:၀၀) နာရီမှ နေ့လည် (၁၁:၀၀) နာရီထိ အရေးပေါ်ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။      သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင် ဓာတ်အားပြတ်တောက်မည့်နေရာများ မရှိပါကြောင်း အများပြည်သူသို့ အသိပေး ပန်ကြားအပ်ပါသည်။