အရေးပေါ် ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို အသိပေးကြေငြာခြင်း။

230/132/33/11 kV အောင်ပင်လယ်ဓာတ်အားခွဲရုံ၏ ဘဲလင်း-အောင်ပင်လယ် အဝင် D/S ထိပ်တွင် ကြိုးလွန်းဖွာနေခြင်းအား အရေးပေါ်ပြုပြင်ရန်အတွက် ၂၈.၁၀.၂၀၁၉ ရက်နေ့ ၀၉:၀၀ နာရီ အချိန်မှ ၁၀:၀၀နာရီ အချိန်အထိ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်-၂ ဓာတ်အားခွဲရုံ၊ 45MVA နှင့် 18MVA ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော နေရာများတွင် (၁)နာရီခန့် ဓာတ်အားပြတ်တောက်မည် ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် အသိပေးပန်ကြားအပ်ပါသည်။